Arc.4.17
3.5K 581 101
မာလိုက အနက်ရောင်ဝတ်ရုံနဲ့ လူအား သံသယအကြည့်ဖြင့် ကြည့်လိုက်ကာ " အဲ့ကောင်လေးကို ဖမ်းရင် ရပြီလား .." ထိုသူက ဘာမှမပြောဘဲ ရှုရားလ်ကို ကြည့်လိုက်သည် ။ ရှုရားလ် က ခပ်ဖွဖွပြုံးလိုက်ကာ " ‌ခေါင်းဆောင်မာလို အဲ့ကောင်လေးရဲ့ လည်ပင်းကို ကြည့်လိုက်ပါ .."
စခန်းထဲတွင် စာအုပ်တစ်ခုအား အသဲအသန်ဖတ်နေသည့် ရီဗဲလ် က တစ်စုံတစ်ခုကို အာရုံခံမိသည့်ဟန်ဖြင့် ရှုးရာလ်း တို့ ပုန်းနေသည့်ဘက်ကို ကြည့်လိုက်မိသည် ။ သို့သော် သစ်ပင် ဘာမှမတွေ့ခဲ့သဖြင့် စာကိုသာ ပြန်အာရုံစိုက်လိုက်လေသည်။
" ခေါင်းဆောင်မာလိုက ရိုမန်ကို အချိန်ဆွဲပေးထားရုံဘဲ .. ကျန်တာ ကျွန်မကိစ္စသာ ထားပါ " သူမက နားမလည်စွာကြည့်လာသည့်မာလိုအား ဘယ်လိုလုပ် ခေါင်းဆောင်ဖြစ်လာလဲ တွေးမရချေ ။ ' တိရစ္ဆာန်ဆိုတဲ့အတိုင်းဘဲ ငတုံးတွေ ..'
တောနက်ထဲတွင်
" မာဂတ်အတွက် အန္တရယ်မရှိဘူးလား ..." မာလို၏ အမေးကို ခပ်အေးအေး ရယ်သံတစ်ခုက ဖြိုခွင်းလိုက်လေသည် ။ " ခများနဲ့ ပထမဆုံး ပူးပေါင်းတဲ့ လက်ဆောင် .." လက်‌ဝှေ့ယမ်းလိုက်ချိန်တွင် မေ့မျောနေသည့် ကောင်လေးတစ်ယောက် ပေါ်လာခဲ့သည် ။
" ရိုးလ်လစ်လား.. !! "
ထွက်ခွာသွားသည့် မာလိုကို ကြည့်ရင်း ရှုရားလ်က နှာခေါင်းရှုံလိုက်သည် ။ သူမက နားမလည်စွာဖြင့် " ရိုးလစ်က အသုံးဝင်တယ်လေ ..ဒါအတွက် သုံးဖို့ထိ လိုလို့လား..."
" သူ့နှလုံးသားက အသုံးမဝင်တော့ဘူး .. အရမ်းညစ်ညမ်းနေပြီ... " ရှုရားလ်က တုန်လှုပ်သွားကာ " ဒါဆို .. ပူဇော်ပွဲအတွက် ဘယ်လိုလုပ်မလဲ .."
" ငါ့လို vampire မျိုးနွယ်ရဲ့ မြတ်မြတ်သူက ဘာကြောင့် ရီဗဲလ်ကို လိုက်ဖမ်းနေတယ် ထင်လို့လဲ " တခနတွေးလိုက်ရုံဖြင့် ရှုရားလ်၏ အကြည့်တွင် အလင်းတစ်ချက်ဖြတ်ပြေးသွားသည် ။ သူမအကြည့်က အနည်းငယ် စိတ်မကောင်းဖြစ်သွားသည့်ပုံပေါက်သော်လည်း စိတ်လှုပ်ရှားမှုက ပိုကြီးစိုးနေခဲ့သည် ။ ပူဇော်ပွဲ ပြီးသည်နဲ့ သူမသည် လောကတွင် အစွမ်းထက်ဆုံး မှော်ဆရာမ ဖြစ်လာပေလိမ့်မည် ဖြစ်သောကြောင့်ပင်။