ချင်ယွင် သည် ကားမောင်းနေသည့် လုဖုန်းအား ကြည့်ရင်း သဘောတကျပြုံးလိုက်သည် ။ ဒီလူက သူ မထင်မှတ်ထားတဲ့ အကွက်ကို သုံးလိုက်တာဘဲ ။ လက်ရှိ သူ့စိတ်အခြေအနေကို ဖော်ပြရန် စကားလုံးပင် မရှိတော့ချေ ။ သူ့ရဲ့ တည်ငြိမ်သည့် မျက်နှာသည် အိမ်ပြန်သည့် လမ်းတစ်လျှောက်လုံး ပြုံးနေခဲ့သည် ။
အစေခံနဲ့ အစောင့်များပင် အကြောင်းရင်း မသိသော်လည်း အပြုံးများ ကူးစက်သွားသည့်အလား ပြုံးစိစိ ဖြစ်နေကြသည် ။ အားလုံး၏ စိတ်ထဲတွင် သူတို့ သခင်လေး၏ ပျော်ရွင်မှုသည် လုဖုန်းနဲ့ သေချာပေါက် ပတ်သက်နေမည် ဖြစ်ကြောင်း သိနေကြသဖြင့် တိတ်တဆိတ် လက်မထောင်လိုက်သည်။
ထိုသူရောက်လာကတည်းက ချင်ယွင်သည် အိမ်ကို အချိန်မှန် ပြန်လာခဲ့ပြီး အေးစက်သည့် မျက်နှာကို သိပ်မတွေ့ရတော့ပေ ။ ထိုအတွက် တင်းကြပ်သည့် လေထုမှာလဲ လျော့ကျသွားကာ သူတို့အား အသက်ရှုချောင်သွားစေခဲ့သည် ။
လုဖုန်းက မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေခဲ့သည့် ချင်ယွင်ချီ အား နံရံကို မှီရင်း ငေးကြည့်နေလိုက်သည် ။ ချင်ယွင်ချီ သည် ယခုထိ အတွေးထဲတွင် နှစ်မျောနေကာ အိမ်မက်လား အစစ်အမှန်လား ခွဲခြားနေပုံရပြီး ပျော်ရွင်မှုသည် အတောမသတ်နိုင်ခဲ့သည့်အလားပင် ။
သူ့လက်အား ဆွဲကိုင်လာသည့် လက်ကြောင့် သတိဝင်လာသော်လည်း မတုန့်ပြန်နိုင်ခင်ပင် အခန်းတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်။ တံခါးသည် ဆောင့်ပိတ်ခံလိုက်ရကာ သူသည် အခန်းနံရံတွင် ကပ်ခံလိုက်ရသည် ။
လုဖုန်းသည် နံရံအား လက်ထောက်လိုက်ရင်း ချင်ယွင်ချီ၏ မျက်နှာ အနားသို့ တိုးကပ်လိုက်သည် ။ ကြောင်တောင်တောင် ဖြစ်နေသည့် ချင်ယွင်ချီ ၏ ပုံစံသည် ခါတိုင်းအေးစက်သည့်ပုံစံနဲ့ မတူစွာ သူ့မျက်လုံးထဲတွင် ပိုလို့ပင် ဆွဲဆောင်မှု ရှိနေခဲ့သည် ။
" ကိုယ့်ကို ဆု ပေးသင့်တယ် မလား " အနားကပ်ကာ ပြောလာသဖြင့် ခပ်နွေးနွေးလေက ချင်ယွင်ချီ၏ မျက်နှာကို ရိုက်ခတ်လာသည် ။ ချင်ယွင် က တံတွေးတစ်ချက်မျိုချလိုက်ကာ ခေါင်းကို တစ်ဖက်သို့ လွဲလိုက်သည်။ " ဘာ... ဘာကို "
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "