ဟွားရန်သည် ချန်းယန်အား ကြည့်လျက် အမှုအရာ တောင့်တင်းနေခဲ့၏ ။ ' သူက ဘာလို့ ဒီလိုပုံစံပြောင်းသွားရတာလဲ ??.. မဟုတ်ဘူး .. သူက အရင်ကလို မောက်မာ အေးစက်ပြီး အခြားသူရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်တဲ့ သူဘဲ ဖြစ်ရမှာ .. အဲ့လိုဘဲ ဖြစ်ရမယ် ..'
မို့ယောင်အား သူမရွေးချယ်ခဲ့သည့် အကြောင်းအရင်းမှာ အရင်ချိန်များတွင် မို့ယောင်သည် သူမနဲ့ တန်းတူတစ်ယောက်ဖြစ်သောကြောင့်ပင် ။ ပါရမီရှင်တစ်ယောက်အနေဖြင့် သူမ၏ တွဲဖက်က သူမထက် အဆများစွာ သာနေခြင်းအား မည်သို့ လက်သင့်ခံနိုင်မည်နည်း ။ ချန်းယန်၏ မျက်နှာတွင် မရေးထားသော်ငြား သူ့အမှုအရာက လူတိုင်းအား အထင်သေးသည့် အကြည့်များရှိနေသည့်သူ့ကြောင့် သူမသည် ချန်းယန်နဲ့ တွေ့တိုင်း အနိမ်ခံရသလို ခံစားနေခဲ့ရသည် ။ ထိုအကြောင်းပြချက်သည် သူမ အရင်က ချန်းယန်အား ရှောင်နေရသည့် ကိစ္စပင် ။
သူမ၏ စိတ်မတည်ငြိမ်မှုက ချန်းယန်နဲ့ လော့ကျွင်း၏ စိတ်အာရုံမှ မလွတ်မြောက်ခဲ့ပေ ။ လော့ကျွင်းသည် နူတ်ခမ်းတို့ကို မဲ့လိုက်ပြီး " လူအိုကြီးရဲ့ မပြီးနိုင်မစီးနိုင်တဲ့ ကိစ္စတွေ."
ချန်းယန်သည် သူ့အား ချန်ရစ်ထားခဲ့ကာ နောက်လိုက်များကို ခေါ်ဆောင်ပြီး ထွက်သွားသည့် ပုံရိပ်လေးအား ကြည့်ရင်း ကူကယ်ရာမဲ့စွာ မျက်နှာကို ပွတ်သပ်လိုက်သည် ။ ' စွပ်စွဲခံရတာပါကွာ ..'
" ရှီရှုံး ! " ဟွားရန်သည် တချိန်က မခေါ်ခဲ့ဘူးသည့် အသုံးအနှုန်းအား နူတ်မှထွက်ဖို့ကို အလွန်စိတ်လှုပ်ရှားနေခဲ့၏ ။ သူမရှေ့က လူအား တစ်ချက်ခိုးကြည့်လိုက်သည် ။ မို့ယောင်သည် အလွန်ချောမောခန့်ညားသည်ဆိုလျှင် ချန်းယန်သည် မူးမေ့လောက်စရာ အလှမျိုးဖြစ်သည် ။ သူ့တွဲဖက်ဖြစ်မည့် မိန်းကလေးသည် နတ်ဘုရားမလို မိန်းကလေးမျိုးမဟုတ်ရင် အားငယ်စိတ်ကြောင့် သေသွားလောက်၏ ။
ချန်းယန်က စကားပြောချင်စိတ်မရှိသဖြင့် ထွက်သွားဖို့ တွေးပြီးမှ သူ့မျက်ဝန်းထဲတွင် ဉာဏ်များသည့် အလင်းတစ်ချက်သွားကာ ခပ်ဖွဖွ ပြုံးလျက် " ကိစ္စရှိလို့လား .."
KAMU SEDANG MEMBACA
Romansa" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )