" ကျစ်!! တကယ်ဘဲ.. ဒီသွေးနံ့ တွေကို မုန်းလိုက်တာ .." လက်ကို စင်သွားသည့် သွေးတစ်စက်နှစ်စက်ကို ကြည့်ရင်း တည်ငြိမ်သည့် မျက်နှာလေးက ရှုံမဲ့သွားပြီး ရွံ့ရှာသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည် ။ လက်ကို ကျေနပ်သည်အထိ အကြိမ်ကြိမ် ဆေးကြောနေသဖြင့် လက်ကလေးများပင် နီရဲလာခဲ့သည် ။
တီ!!! တောင်!!!
တံခါးမှ မြည်လာသည့် ဘဲလ်သံကြောင့် သတိဝင်လာခြင်းသာ မဟုတ်ပါက လက်များ ပေါက်ပြဲသည်အထိ ဆေးကြောနေမိလိမ့်မည်လား မပြောတတ်ပေ ။ မြင်ကွင်းက အနည်းငယ်ဝါးနေသဖြင့် ဘေးနားက စင်ပေါ်တွင် တင်ထားသည့် မျက်မှန်အား ယူတပ်လိုက်ပြီး မီးဖိုခန်းထဲမှ ထွက်ကာ တံခါးထံ လျှောက်သွားလိုက်တော့သည် ။ နောက်တွင် ကျန်ရစ်ခဲ့သည်က သွေးများ ဆေးချရလွန်း၍ အရောင်ပြောင်းနေသည့် ဘေစင်တစ်ခုသာ...
ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်ကာ သေချာပြီဆိုသည့် အချိန်မှ တံခါးဖွင့်လိုက်သည် ။ " ဘယ်သူလဲ?? "
" ဘာ... ဘာလုပ်တာလဲ .. ခများ!! " တံခါးဖွင့်ဖွင့်ချင်း ဆွဲဖက်ခံလိုက်ခြင်း အတွက် သူက အလွန်ထိတ်လန့်သွားသည့် အမှုအရာလုပ်လိုက်ကာ တွန်းထုတ်လိုက်သည် ။ အနဲငယ် နေရာမကျဖြစ်သွားသည့် မျက်မှန်အား အသာတွန်းတင်ရင်း ဘယ်သူက ဒီလောက် အတင့်ရဲသလဲ ဆိုသည်ကို ကြည့်လိုက်သည် ။
အမြင်အာရုံ ပြန်ကြည်လင်လာချင်းချင်း တွေ့လိုက်ရသည်က သူ့မျက်နှာ နားသို့ တိုးကပ်လာသည့် ခန့်ညားချောမောသည့် မျက်နှာပင် ။
ရွမ်းရီ၏ လူသတ်ချင်သည့် မျက်ဝန်းများက မျက်မှန်၏ အလင်းအောက်တွင် ဖုံးကွယ်သွားသည် ။ သူက တည်ငြိမ်စွာ ပြုံးလိုက်ရင်း ညင်သာစွာ ပြောလိုက်သည် ။ " ဒီက အစ်ကို က အိမ်မှားလာတယ် ထင်တယ်.. ဘယ်သူ့ကို ရှာချင်တာလဲ .."
စီရန်ယွီ သူ့ရှေ့က လူငယ်လေးအား ကြည့်လိုက်သည် ။ တကယ်ကို တရားပေါက်နေတဲ့ အမှုအရာလေး လုပ်ထားတာဘဲ .. ။ မင်းလေးက ဘယ်လောက် စိတ်ထိန်းနိုင်လဲ ဆိုတာ .. စောင့်ကြည့်ဦးမယ်.. ဟီးးဟီးး ။
" ကိုယ်က .. ကိုယ့်ကောင်လေးကို လာရှာတာလေ.. " သူက မျက်နှာပြောင်စွာပင် အပြစ်ကင်းစင်သည့် မျက်နှာလေး ပြန်လုပ်ကာ ပြောလိုက်သည် ။
VOUS LISEZ
Roman d'amour" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )