Arc.3.4
5.9K 791 30
ကြယ်ပင်လယ်ထဲတွင် ကြီးမားသည့် ယာဉ်ပျံ တစ်စီးသည် ဦးတည်ရာ မဲ့လျက် ပျံသန်းနေခဲ့သည် ။  ကုတ်အဖြူဝတ်ထားသည့် လူငယ်တစ်ယောက်က စိုးရိမ်တကြီးဖြင့် ဘေးနားက လူကြီးကို ပြောလိုက်သည် ။ " ဆရာ .. အခြေအနေမကောင်းဘူး .. စနစ်က သူ့ကို မထိန်းချုပ်နိုင်ဘူး .. အာ့ "
စကားဆုံးသည်နဲ့ နောက်စေ့ကို အရိုက်ခံလိုက်ရခြင်းကြောင့် ခေါင်းကို အသာပွတ်လိုက်လေသည် ။ မျက်မှန်နဲ့ လူကြီးက ထိုလူငယ်အား " အသိပေးတားမြစ်ချက်တောင် သေချာမထုတ်နိုင်တဲ့ အရာကို ဘယ်လိုဦးနှောက်နဲ့များ လုပ်ချလိုက်တာလဲ ဟမ် .. ‌သူက ဘယ်လိုတွေးပြီးများ မင်းကို ပုံစံငယ်ပေးထားခဲ့မှန်း နားမလည်တော့ဘူး "
" အဲ့ဒါ ဘယ်လိုလုပ် ကျွန်တော့်ကို အပြစ်တင်လို့ရမှာလဲ .. စနစ်ကို ကွက်ကျော်ရိုက်သွားတာ သူလေ .. " လူငယ်က screen အား နှိပ်လိုက်ကာ မကျေမနပ်ပြန်ပြောလိုက်သည် ။ " ပြီးတော့ .. အဲ့လူကို လုံးဝ ထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိမ်မက်ကြီးမှန်း ဆရာလည်း သိနေတာဘဲကို.."
လူကြီးက မျက်မှန်ကို ပင့်တင်လိုက်ကာ လက်ကို မြှောက်လိုက်ပြီး " ငါ.. လုပ်လိုက်ရ .. သွား အခုချက်ချင်း သူကိုယ်တိုင် ပါဝင်လုပ်ဆောင်အောင် ဆွဲဆောင်ခဲ့ .. အဲ့ဒီ စုတ်ပြတ်သတ်နေတဲ့ စနစ်မှာ သူကြိုက်တဲ့ လုပ်ဆောင်ချက် တစ်ခုတော့ ရှိမှာပါ .. ဒါမျိုး ထပ်ခါထပ်ခါ ဖြစ်နေရင် နောက်ကွယ်ကလူ သတိထားမိပြီး အကုန်လုံး ဒုက္ခရောက်ကုန်လိမ့်မယ် .. "
စမ်းသပ်ခန်းမှ ထွက်သွားသည့် လူကြီးကို ကြည့်ရင်း လူငယ်လေးက မျက်နှာညိုးငယ်သွားကာ ကျန်ရစ်နေခဲ့လေသည် ။
" တကယ်က စွမ်းရည် ပိတ်ဖို့တောင် မလုပ်ဆောင်နိုင်တော့တာ သိရင် ဆရာက ငါ့ကို သေအောင်ရိုက်မလားဘဲ "
________________
ကုချန် သည် စနစ်က အသိပေးခဲ့သည့် ဈေးတန်းသို့ ပြန်ရောက်လာကာ ရှာဖွေသော်လည်း ဘာမျှမတွေ့ပေ ။ ထို့အတွက် သူက စိတ်ဓာတ်ကျစွာ ထိုင်နေရုံသာ တတ်နိုင်လေသည် ။
" အော်.. အမှိုက်ကောင် နင်က ဒီကို ရောက်နေတာကို .. " အထင်တသေး အသံကြောင့် ကုချန် က ခေါင်းမော့ရမှာပင် ပျင်းရိ၍ မျက်လွှာကို အသာပင့်ကာ ကြည့်လိုက်လေသည် ။ သူ့အား မနက်က ရေလောင်းချခဲ့သည့် မိန်းကလေး ဖြစ်နေလေသည်။ ဒီသခင်လေးကို ကောင်းမွန်တဲ့ နေ့ရက်လေးများ မပေးနိုင်ဘူးလားဟ .. ရောင်းစားမခံရတော့ ဒီအကျင့်ပျက်နေတဲ့ အိမ်ကို ပြန်ပို့တော့တာလား .. ဖာ့ခ်။