ကုချန်က နံရံအနောက်တွင် ရပ်နေရင်းထွက်ခွာသွားသည့် ကားအား ခံစားချက်မဲ့သည့်အကြည့်ဖြင့်ကြည့်နေလိုက်သည်။ သူ့မျက်နှာထက်တွင် မည်သည့်အမှုအရာမှ မရှိနေခဲ့သော်လည်း မုဝမ်ချင်သည် ကုချန်၏ ခပ်တင်းတင်းဆုပ်ကိုင်မှုကြောင့် နာကျင်သွားသဖြင့် လက်အား ဆွဲထုတ်လိုက်ရသည် ။
" အစ်ကို့ရဲ့ အသိလားဟင် " မုဝမ်ချင်၏အသံကြားမှ သတိပြန်ဝင်လာသည့် ကုချန်က ဆွဲထုတ်သွားသည့် မုဝမ်ချင်၏လက်အား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည် ။သူက ကားအားတစ်ချက်ကြည့်လိုက်ပြီး မုဝမ်ချင်နဲ့အတူ ပြန်သွားခဲ့သည် ။
အတန်းချိန်ပြီးနောက် ကုချန်က စာကြည့်တိုက်တွင် စာကြည့်နေခဲ့သည် ။ သို့သော် ပိုင်ရီ၏ ပုံစံသည် သူ့မျက်လုံးအတွင်းတွင် ပေါ်လာခဲ့ခြင်းကြောင့် စာလုပ်ရသည်မှာ မလွယ်ကူတော့ချေ။ ကုချန်က စာအုပ်အား ပစ်ချလိုက်ပြီး ဆံပင်ကို ဖွလိုက်ကာ ငြီးငြူလိုက်သည် ။
" ကျစ်...စောင့်ပါဦးဆိုကွာ အခုတော့ ပြေးသွားချင်စိတ်ပေါက်လာပြီ " နှစ်နှစ်လုံးသူ့မှာ ဒီလိုစိတ်မဖြစ်ပေါ်စေဖို့ စာထဲသာ ခေါင်းနှစ်ထားခဲ့ရသည် ။
" ဘာတြွေဖစ်နေတာလဲ " ပါမောက္ခ၏အသံကြောင့် ကုချန်က မော့ကြည့်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် " ဘာမှမဖြစ်ပါဘူးဗျာ .."
ပါမောက္ခက သူ့အား ဖိုင်တစ်ခုပေးလာကာ " ငါနဲ့တွေ့ပြီးတဲ့နေ့ကစပြီး မင်းအကြောင်းစုံစမ်းတဲ့လူ ပေါ်လာတယ်သတိထားဦး .. ငါက စုံစမ်းတဲ့လူကို ရှာပေးမယ် ရှောင်သင့်ရင်ရှောင်ရအောင်အစိုးရအဖွဲ့ထဲမှာ အတွင်း လူတွေ ရှိနေတာဖြစ်မယ်"
ကုချန်က ပြောပြီးပြီးချင်း ထွက်သွားသည့် ပါမောက္ခအား ကြည့်ကာ စားပွဲပေါ်သို့ နဖူးဖြင့် တိုက်လိုက်သည်။ " ဆရာရေ.. အဲ့ဒါ ဆရာ့တပည့်ရဲ့ အနာဂတ် ယောင်္ကျားလောင်းလေးပါ.. ဘယ်အတွင်းလူမှ မဟုတ်ဘူး " သူ့အတွက် ဒီနေ့တစ်နေ့လုံးစာလုပ်လို့ရမည် မဟုတ်သဖြင့် သူက ပိုင်ရီ၏ ပုံကိုသာ ဆွဲနေလိုက်တော့သည်။
နောက်ရက်တွင် သတင်းမှတဆင့် ကုချန်သည် ပိုင်ရီက ဒီမြို့တွင် ပရော့ဂျက်တစ်ခုလာလုပ်ကြောင်း သိလိုက်ရသည် ။ အချိန်တစ်ခုအထိ ထိုသူက ဒီမြို့တွင် သောင်တင်နေဦးမည် ဖြစ်သည် ။
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "