အချိန်ကြာလာသည်နဲ့ လော့ကျွင်းသည် ဆက်လက်ခုခံဖို့ မစွမ်းနိုင်တော့ပေ ။ တဖက်တွင် သူက ထွက်ပြေးလွတ်မြောက်ရန် စွမ်းအင်ကျန်သေးသော်လည်း သူသာ ချန်းယန်အား မထိန်းထားလျှင် ဤသူသည် ဘာတွေလုပ်မိမည်လည်း မသိနိုင်ချေ ။ ချန်းယန် ပြန်သတိဝင်လာချိန်တွင် နောင်တရမည့် ကိစ္စမျိုး မလုပ်မိစေချင်သောကြောင့် သူက ဒီလူအား ချန်ထားရစ်ဖို့ ငြင်းဆိုသည် ။
တစ်မိနစ်သာ ရှိသေး သူခန္ဓာကိုယ်ပေါ်တွင်ဖြည်းဖြည်း များလာသည့် ဒဏ်ရာများမှ လတ်ဆတ်သည့် သွေးများက အနီရောင်ဝတ်ရုံအား ထပ်မံဆေးခြယ်နေသကဲ့သို့ ကျဆင်းနေခဲ့သည် ။
ထန်း!! ထန်း!!!
လော့ကျွင်းသည် အားပြင်းပြင်းကျရောက်လာသည့် ဓားချက်အား သူ့လက်ထဲမှ ဓားကို ကန့်လန့်ထားလျက် ကာကွယ်လိုက်ရသည် ။ သို့သော် ဓားချက်အား မရပ်တန့်နိုင်ခဲ့ပေ ။ ဓားသည် ဆက်လက်ကျဆင်းလာကာ ဓားနှစ်ချောင်း ပွတ်ဆွဲသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာသည် ။
ချန်းယန် သတိဝင်လာချိန် တွေ့လိုက်ရသည်က သူ့တိုက်ခိုက်မှုအား ဆက်လက်တောင့်မခံနိုင်တော့သည့် လော့ကျွင်းကိုပင် ။
ဓားကိုင်ထားသည့် လက်သည် အားအင်မရှိတော့သဖြင့် မျက်လွှာ အသာချကာ သူ့လည်ပင်းထက်သို့ ကျရောက်လာမည့် ဓားချက်ကိုသာ လက်ခံယူနိုင်ရန် ပြင်ဆင်ထားခဲ့သည် ။ ' အရမ်းကြီးလည်း မဆိုးပါဘူး .. အနည်းဆုံးတော့ ငါ့ကို အဆုံးသတ်တဲ့လူက ရှီရှုံး ဖြစ်နေသေးတာဘဲ ..'
ချန်းယန်၏ ဓားသွားက လည်ပင်းနဲ့ ဆံချည်တမျှင် အကွာတွင် ရပ်တန့်သွားခဲ့သည် ။
ချွင်!!!
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် ဓားသံကြောင့် လော့ကျွင်းက သူ့မျက်လုံးတို့ကို အသာဖွင့်လိုက်သည် ။
ချန်းယန်၏ အကြည့်က သူ့အား စောင့်ကြည့်နေသည်ကို သိသည့်အလား ကောင်းကင်ပြာပြာထက်သို့ ရောက်သွားခဲ့သည်။
**
သတ္တုများ ကာရံထားသည့် အခန်းငယ်တစ်ခုထဲတွင် ဖန်သားပြင်သည် တစ်စုံတစ်ခု၏ နောက်ယှက်ခံရသည့်အလား တဖျက်ဖျက်ဖြစ်သွားကာ နောက်ဆုံး ပေါ်နေသည့် ပုံရိပ်က ချန်းယန်၏ အေးစက်စက်အကြည့်သာ ။
KAMU SEDANG MEMBACA
Romansa" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )