Arc.9.1
4.9K 458 50
မှန်သားပြင်များဖြင့်ဝန်းရံထားပြီး အပြင်မှဖောက်ထွင်းမြင်နေရသည့် အခန်းတစ်ခု၏ အလယ်တွင် သတ္တုကုတင်တစ်ခုရှိနေ၏ ။ ကုတင်ရှိ လူသည် မျက်လုံးများ မှိတ်ထားပြီး အိပ်မောကျနေသကဲ့သို့ အသက်ရှုသံ ခပ်ဖျော့‌ဖျော့ကိုသာ ထုတ်လွှတ်နေသည်။ နှာတံစင်းစင်းနဲ့အတူ ခပ်တင်းတင်းစေ့ထားသည့် နူတ်ခမ်းပါးတို့က ရွန်းစိုနေပြီး မှိတ်ထားသည့် မျက်လွှာမှာ မျက်တောင်ရှည် ခပ်စိတ်စိတ်ရှိနေ၏ ။
နထင်းနှစ်ဖက်တွင် တပ်ထားသည့် ကိရိယာတို့က ထိုသူ၏ ချောမောမှုကို မပျောက်ပျက်စေနိုင် ။ အိပ်ပျော်နေသည့် နတ်ဘုရားတစ်ပါး၏ ပန်းချီကား တစ်ချပ်နှယ် အခန်းတွင်း လေထုသည် တိတ်ဆိတ်အေးချမ်းလျက် ။ သေရပ်ပိရိသည့် မေးရိုးတို့က ထိုသူ၏ လှပသော မျက်နှာအား ယောကျာ်းဆန်သွားစေပြီး စေ့ပိတ်ထားသည့် နူတ်ခမ်းတို့နဲ့ ပေါင်းစပ်ကာ ‌အေးချမ်းမှုက အေးစက်မှုသို့ အချိန်မရွေး ပြောင်းလဲနိုင်သည့် ပုံရနေ၏ ။
သေသပ်လှပသည့် အနုပညာတစ်ခုလို ဖြစ်နေသည့် ထိုသူသည် အယ်လ်၏ မျက်ဝန်းများကို လေးလံထိုင်းမှိုင်းသွားစေခဲ့သည် ။ သူသည် အဖမ်းခံရပြီးနောက် သူ့စွမ်းရည်ကြောင့် ဦးနှောက်ထိန်းချုပ်ခြင်းခံရပြီး ချက်ချင်းပုံ‌ရိပ်ယောင်အတွင်းသို့ ထည့်သွင်းခြင်း မခံရသေးပေ ။ အသိစိတ်ကပ်နေသေးသည့် သူသည် အဆင့်မြင့်သူတစ်ယောက်ဖြင့် တွေ့ရန် တစ်နေရာသို့ ခေါ်သွားခံနေရသည် ။ တားမြစ်နေရာဟု သတ်မှတ်ထားသည့် နေရာသို့ ဖြတ်လာချိန်တွင် ဖြတ်ခနဲသာ မြင်လိုက်ရသော်လည်း သူက သူ့အမြင်အာရုံအား သံသယမဝင်ပေ ။
ဒီလူတွေက ပါမောက္ခရှန်းရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားတဲ့လူတွေ ဖြစ်နေတာက သူ့ကို အိမ်မက်ဆိုးဝင်စေခဲ့သည် ။ သူ့လုပ်ခဲ့သည့်အရာတိုင်းက ဖြတ်တိုက်သွားသည့် လေတစ်ခုလိုပင် ။ အရာမထင်ခဲ့ပေ ။
သူသည် ပုံစံငယ် တစ်ခုဖြင့် ကူညီချင်ခဲ့သော်လည်း တဖက်လူသည် ခန္ဓာကိုယ်ကို ထိန်းသိမ်းထားခဲ့သည် ။ စိတ်စွမ်းအင်နဲ့ အနီးစပ်ဆုံးက လူ့ဦးနှောက်ပင် ။ ထိုသူများက သေချာပေါက် ပါမောက္ခရှန်းအား အာရုံခံဖို့ ခက်ခဲမည် မဟုတ်ပေ။ 
အယ်လ်က ထူးဆန်းစွာ စိတ်သက်သာရာရသွားသလိုခံစားရသည် ။ ပုံစံငယ်အား ပို့လိုက်သည့် ဆုံးဖြတ်ချက်က အလွန်မှန်သည်ဟု ခံစားရသည် ။ ထိုအရာက အကူအညီ အနည်းငယ်‌တော့ ရကောင်းပါရဲ့ ။ အယ်လ် စိတ်သက်သာရာရနေစဉ်တွင် ဖြောင့်တန်းသည့် ခြေတံရှည်တစ်စုံက ထိုတားမြစ်နေရာသို့ တည့်တည့်မတ်မတ်ဝင်သွားခဲ့သည် ။