ရှန်ယိ က နန်းတော်ရဲ့ တိတ်ဆိတ်ကာ ချောင်ကျသည့် တစ်နေရာတွင် ထိုင်ချလိုက်သည် ။ သူ့လက်ဖဝါးပေါ်တွင် အနက်ရောင်ပုဝါရဲ့ တောင့်နားလေးက ငွေချည်ဖြင့် ရီ ( 毅 ) ဟု ရေးထိုးထားသည့် စကားလုံးလေးကို လက်မဖြင့် အသာပွတ်လိုက်သည် ။
သူ မှတ်မိနေခဲ့သည်က တချိန်က ဒီအနက်ရောင်ပုဝါအပေါ်တွင် ဘာစကားလုံးမှ ရှိမနေခဲ့သည်ကိုပင် ။ ရှန်ယိ ၏ နူတ်ခမ်းများက လှပစွာ တွန့်ကွေးသွားခဲ့သည် ။ " အရူးလေး "
ဓားအလင်းတစ်ချက်သည် လက်သွားခဲ့ကာ သူ့ခြေထောက်ဘေးသို့ စိုက်ချလိုက်သည် ။ အဆိပ်ရှိသည့် မြွေသေတစ်ကောင်ကို ကြည့်ရင်း ရှန်ယိ ၏ မျက်လုံးအတွင်း အေးစက်စက် အလင်းတစ်ချက် လက်သွားခဲ့သည် ။
" ဟမ့်... ငါ့ကို လုပ်ကြံဖို့ တခြားနည်း မရှိတော့ဘူးလား .. " သူက ပြောရင်း ထရပ်လိုက်ကာ တစ်နေရာသို့ ထွက်သွားခဲ့သည် ။ တာဝန်သည် မြန်မြန်ပြီးဆုံးခဲ့ရင် .. သူ့အတွက် အချိန်ပို ရှိခဲ့လေမလား သူမသိပေ ။ ဖြစ်နိုင်ရင် ရွမ်းရီ အတွက် တစ်ရက်ထက်ပိုသည့် အချိန်ကို ပေးခဲ့ချင်သည် ။
" မင်းက .. " တာရှန် ဘုရင်သည် သတိအနေအထားဖြင့် သူ့အခန်းထဲသို့ အသာ ဝင်ရောက်လာသည့် ရှန်ယိအား ကြည့်လိုက်သည် ။ လက်ရှိတွင် တာရှန် နန်းတွင်းရေးရာ သည် ဟန်ယွဲ့ ထက်ပင် ပိုလို့ ရှုပ်ထွေးသေးသည် ။
ဘုရင်ရဲ့ တစ်ဦးတည်းသော သားတော်သည် ငယ်စဉ်ကတည်းက ပျောက်သွားသဖြင့် သူ့တွင် ရှိသည်က တူတော်များ ဒါမှမဟုတ် မွေးစားထားသည့် မင်းသားများသာ ။ ထိုအတွက် တာရှန် ရဲ့ အိမ်ရှေ့စံရာထူးအတွက် တိုက်ပွဲသည် အလွန်တရာကို ပြင်းထန်လှပေသည် ။
သို့သော် တာရှန် ဘုရင်အနေနဲ့ သူ့သွေးသား မဟုတ်သည့် သူအား ထီးနန်းအရိုက်အရာကို ပေးဖို့ရန် တွန့်ဆုတ်နေခဲ့ပေသည် ။
ရှန်ယိ သူ့ရှေ့က လူကြီးအား မျက်ခုံးပင့်ကာ အသာကြည့်လိုက်ပြီး ကျောက်စိမ်းပြား တစ်ခုကို ပစ်ပေးလိုက်သည် ။ ပြီးနောက် သူ့ဆံပင်အား အသာဖယ်လိုက်ကာ လည်ဂုတ်တွင် ရှိသည့် အမှတ်အသားကို ပြလိုက်သည် ။
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "