Arc.7.17
3.1K 522 55
ဟီရုန် သည် နည်းပညာဌာနအရှေ့တွင် ရှိနေခဲ့ပြီး ထူးဆန်းစွာဖြင့် သူ့အနောက်သို့ လိုက်နေကြ ရိုင်ယန်၏ အရိပ်အယောင်အား မတွေ့ရပေ ။ ဆူညံသံများကြောင့် လူများ၏ မျက်လုံးများ ဦးတည်ရာသို့ လှည့်ကြည့်လိုက်ချိန်တွင် သူ့မျက်ဝန်းများမှ မီးပွားများ ထွက်လာနိုင်လောက်အောင်ထိ ဒေါသထွက်သွားခဲ့သည် ။
' တောက်!! အမြဲတမ်း ယောက်ျားတစ်ယောက်ယောက် ဘေး
နားမရှိရင် မနေတတ်ဘူးလား ... ငါ့မှာတော့ သူ့ကို အခွင့်အရေးပေးဖို့ ကြိုးစားနေခဲ့တာ ..' သူသည် ကိုင်းရာ အဖွဲ့အစည်းတွင် မနေနိုင်တော့သည်ဖြစ်ရာ လော့ အား မားဂတ်အဖွဲ့သို့ ခေါ်သွားချင်ခဲ့တာ ဖြစ်သည် ။
' နေဦး !.. အမှတ်အသားကို ငါ ခံစားလို့ မရတော့ဘူး .. မဟုတ်ရင် အတော်ဝေးဝေးမှာကတည်းက သူလာနေတာကို သိမှာဘဲ ..' တဖြည်းဖြည်းနီးကပ်လာသည့် လော့ အား ကြည့်နေရင်း သူ့မျက်နာက အကျည်းတန်လာခဲ့သည် ။ သူ၏ ခြေလှမ်းများကို လော့နဲ့ ရိုဟန်၏ ဘက်သို့ ဦးတည်လိုက်သည် ။
ရိုဟန်သည် ဟီရုန်အား အစကတည်းက သတိထားမိခဲ့ပြီး ဖြစ်သော်လည်း ဂရုတစိုက်မရှိလှပေ ။ သူက နည်းပညာနဲ့ပတ်သက်လို့ လော့နဲ့သာ စကားပြောနေခဲ့၏ ။ ဆွေးနွေးနေစဉ် လော့သည် ရှက်ရွံ့ မှုကို နောက်ပို့ထားခဲ့ကာ သူတို့နှစ်ဦး၏ အကွာအဝေးက ပိုနီးကပ်လာခဲ့သည် ။ တစ်ချက်တစ်ချက် သဘောတကျပြုံးလာခဲ့သည့် ကောင်လေးသည် သဘာဝတရားကြီး ကဲ့သို့ မြင်နေကျဖြစ်သော်လည်း မရိုးသွားသည့် အလှတရားမျိုးပင် ။
လော့သည် ဆွေးနွေးမှုထဲတွင် နှစ်မြုပ်နေခဲ့ကာ ဟီရုန်အား မမြင်လိုက်ပေ ။ သူက လမ်းလျှောက်နေရင်း နံရံတစ်ခုကို တိုက်မိလိုက်သည်ဟုသာ ခံစားမိလိုက်၏ ။ သို့သော် သူ့နဖူးနဲ့ နံရံကဲ့သို့ အရာကြားထဲက ခြားထားသည့် လက်ချောင်းရှည်သွယ်သွယ်နဲ့ ကြမ်းရှရှ လက်ဖဝါးမှ အထိအတွေ့ကြောင့် မျက်လွှာပင့်ကာ ကြည့်လိုက်မိသည် ။ တချိန်တည်းမှာပင် သူ့အား ကြည့်လာသည့် ပတ္တမြားရောင် မျက်ဝန်းများ၏ ညို့ယူခြင်းကို ခံလိုက်ရသည် ။
အံ့ဩမှုကြောင့် တုန်ယင်နေသည့် ‌မျက်တောင်လေးများကိုပင် မြင်နိုင်‌ရလောက်အောင် မျက်နှာနှစ်ခုက နီးကပ်သွားခဲ့သည် ။ လော့က မျက်တောင်ကို ဆက်တိုက်ခတ်မိလိုက်ပြီး ဆွဲဆောင်မှုရှိလှသည့် မျက်ဝန်းထံမှ ရုန်းထွက်လာခဲ့ပြီး အရှေ့သို့ ပြန်လှည့်လိုက်ရာ ဟီရုန်၏ ပေါက်ကွဲတော့မတတ် ဖြစ်နေသည့် မျက်နှာကို တွေ့လိုက်ရသည့် လန့်သွားကာ လဲကျလုမတတ်ဖြစ်သွားခဲ့သည် ။ ကံကောင်းစွာဖြင့် သူက ထိန်းလိုက်နိုင်လိုက်ပြီး လဲကျမသွားခဲ့ပေ ။