" ဒေါက်တာရွမ်းရော ?? " စီရန်ယွီက စာကြည့်ခန်းထဲ တစ်ချက်ဝှေ့ကြည့်လိုက်ပြီး မေးလိုက်သည် ။
" ဆေးရုံက ဖုန်းဆက်လို့ ဒေါက်တာက ခုနကတည်းက ပြန်သွားပါပြီ .. " အမေးခံလိုက်ရသည့် အစေခံက တုန်ယင်နေသည့် အသံဖြင့် ပြန်ဖြေလိုက်သည် ။ သခင်လေး အရှေ့တွင် ရပ်နေရသည်က လည်ပင်းထက်တွင် ဓားထောက်ထားသည့်အလား အသက်ရှုရပ်မတတ်ဖြစ်နေပြီး လက်များပင် ချွေးစေးများ ထွက်လာသည်။
စီရန်ယွီက လက်အသာမြောက်ကာ ထွက်သွားရန် အချက်ပြလိုက်သည် ။ ဒီသခင်လေးက ဒီလောက်ချောတာကို .. ဘီလူးတစ်ကောင်တွေ့လိုက်ရတဲ့ မျက်နှာနဲ့...
ရွမ်းရီကလဲ ဆေးရုံတွင် အားမည်မဟုတ်သဖြင့် သူက သွားမနှောက်ယှက်တော့ဘဲ စာကြည့်ခန်းထဲတွင်နေကာ ရိုယင်ပို့ လာသည့် အချက်အလက်များကို ဖတ်ရင်းဖြင့်သာ အချိန်ကုန်လိုက်တော့သည် ။ သူက ရေချိုးထမင်းစားချိန်သာ ထွက်လာပြီးကျန်သည့်အချိန်အားလုံး စာကြည့်ခန်းတွင် ရှိနေခဲ့ပြီး စုယန်ချုးသည်လည်း အတော်လေး စိတ်ပင်ပန်းသွားသည့်ဟန် သူ့အား လာနှောက်ယှက်နိုင်ခြင်း မရှိသဖြင့် လေထုလေးက သာယာနေသည် ။
***
" သခင်လေး!! မစ္စရို ရောက်နေပါပြီ.." အပြင်ဘက်မှအသံကြောင့် အချိန်ကြည့်လိုက်ချိန် ညနေပင်စောင်းနေပြီဖြစ်သည် ။
အိမ်အောက်ထပ်က ဧည့်ခန်းထဲတွင် ရိုယင်က ဆိုဖာပေါ်တွင် ထိုင်လျက် သူမရှေ့က လူအား အေးစက်စွာကြည့်နေခဲ့သည် ။ ကြည့်နေရင်းမှ သူမရဲ့ မျက်မှန်ကို အသာပင့်တင်လိုက်ကာ ထရပ်လိုက်ပြီး ဒူးထောက်နေသည့် သူ၏ ရင်ဘတ်တည့်တည့်အား ကန်ထည့်လိုက်တော့သည် ။ သူမကြည့်ရသည်မှာ အလွန်ဒေါသထွက်နေပုံရသည်။
ထိုမြင်ကွင်းက စီရန်ယွီ အိမ်ပေါ်က ဆင်းဆင်းခြင်း မြင်လိုက်ရသည့် မြင်ကွင်းပင် ။ သူက ရယ်လျက် ခေါင်းယမ်းလိုက်သည်။ ' တော်တော် ခက်ထန်တဲ့ မိန်းမ ..'
သူက သက်တောင့်သက်သာပင် အစေခံပေးလာသည့် ကော်ဖီခွက်ကို ယူလျက် လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ကာ သူမထံ လျှောက်သွားလိုက်သည် ။ ကော်ဖီတစ်ငုံသောက်လိုက်ပြီး မျက်ခုံးပင့်လျက် ရိုယင်အား ကြည့်လိုက်သည် ။ " ကြာလွန်းတယ်! "
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "