" ရှန်း!! " ကောင်လေးတစ်ယောက်၏ ခေါ်သံအဆုံး စက်ပစ္စည်းတွေကြားမှ လှည့်ကြည့်လာသည့် လူငယ်တစ်ယောက် ။
" ကိုယ် ဒီအခန်းထဲ မင်းကိုမဝင်လာဖို့ တားထားတယ် မဟုတ်ဘူးလား .. အခုချက်ချင်း အပြင်ထွက် " လူငယ်၏စကား ကြောင့် ကောင်လေး၏ မျက်နှာသည် ညိုးငယ်သွားကာ အင်္ကျီစကို လုံးချေလျက် အခန်းအပြင်သို့ တိတ်တဆိတ်ထွက်သွားခဲ့သည် ။
လူငယ်သည် ထိုကောင်လေးအား လုံးဝလစ်လျုရှုလိုက်ကာ သူ့ရဲ့ အပျက်အစီးပုံကြားထဲကိုသာ ပြန်ဝင်နေခဲ့သည် ။ ထိုလူငယ် ပြုလုပ်သည့် အရာလေးသည် လက်ရှိ ကုချန်၏ လက်တွင်ပတ်ထားသည့် အနက်ရောင် ပစ္စည်းကဲ့သို့ အရာလေးပင်။
ကုချန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း သူ့အကြည့်သည် မှုန်မှိုင်းသွားခဲ့သည်။ အလိုလိုနေရင် တစ်ဆစ်ဆစ်နာကျင်နေသည့် နာကျင်မှု သည် စကားလုံးဖြင့်ပင် မဖော်ပြနိုင်တော့ပေ။ အလိပ်လိပ်တက်လာသည့် ခံစားချက်တို့က သူ၏ ခေါင်းမှ နာကျင်မှုကိုပင် လွှမ်းမိုးသွားခဲ့သည် ။ မျက်ရည်ကျခဲသည့် သူသည် အခုချိန်တွင် ပြင်းထန်စွာ ငိုကျွေးချင်နေခဲ့မိသည် ။
ထိုကောင်လေးအား မောင်းမထုတ်သင့်ဟူသည့် နောင်တရသည့် ခံစားချက်တို့မှာလဲ ကြီးစိုးလာခဲ့သည် ။
"" ဒါ.. ဒါတွေက ငါနဲ့ သက်ဆိုင်တဲ့ အရာတွေလား .. သူတို့က ဘယ်သူလဲ "" တွေးလေ ခေါင်းကိုက်လာလေဖြစ်သော်လည်း သူက ထိုပုံရိပ်များကြားထဲမှ တစ်ခုခုကို တွေ့လိုတွေ့ညား ရှာဖွေနေဆဲပင် ။
တစ်ဖက်တွင် ကြယ်ပင်လယ်သည် ငြိမ်သက်နေသော်လည်း ယာဉ်ပျံထဲတွင်တော့ အချက်ပေးသံများနဲ့ ဆူညံနေလေသည်။
" အဲလ်!!! မင်းက ပြင်နေတာမဟုတ်လား .. အခုက ဘာထဖြစ်တာလဲ " လူအိုကြီး၏ မျက်နှာသည် ထိတ်လန့်မှုအပြည့် ဖြစ်နေခဲ့သည် ။ လူငယ်လေးက နားမလည်နိုင်သည့် သင်္ကေတများဖြင့် စခရင်ကို ထိကာ ဆက်တိုက်နှိပ်နေသော်လည်း အချက်ပေးသံများက ရပ်တန့်မသွားခဲ့ပေ ။
လူငယ်လေးသည် နောက်ဆုံးခလုတ်တစ်ခုကို အားဖြင့် ဖိနှိပ်လိုက်သည့်အချိန်တွင် အချက်ပေးသံများသည် ငြိမ်သက်သွားခဲ့သည် ။ သို့သော်လည်း ရှိနေသည့် လူများက ဒါသည် ထိန်းထားနိုင်ရုံမျှလေးသာ ဆိုသည်ကို နားလည်နေကြသည် ။
ANDA SEDANG MEMBACA
Romantika" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )