အက်စ်တွန်အိမ်တော်၏ အစီအရင်စည်းသည် အကောင်းဆုံးတစ်ခုထဲတွင်ပါလေသည် ။ တချိန်က ထိုအစီအရင်အား လူသားမျိုးနွယ်၏ နောက်ဆုံးခံတပ်အဖြစ်အသုံးပြုခဲ့ကြသေးသည် ။ အစီအရင်တွင် တိုက်ခိုက်ထားသည့်အရာမတွေ့ခဲ့ရသည်ကို အသာထားဦး တိုက်ခိုက်ထားလျှင်တောင် ဖောက်ဝင်နိုင်မည် မဟုတ်ပေ ။ အသန့်စင်ဆုံးစွမ်းအင်က လွဲလို့ပင် ။
" ရိုမန်!!! အစီအရင်က တိုက်ခိုက်ခံခဲ့ရတာလေ ငါတို့နဲ့ ဘာဆိုင်လို့လဲ .." ရိုးလ်၏ဖခင်က မာထန်စွာပြောလိုက်သည်။
တဖက်တွင် ရိုးလ်လစ်က ရိုမန်၏အကြည့်စူးစူးကြောင့် ခေါင်းကိုအသာ ငုံ့လိုက်ပြီး ပြန်မော့လာသည့်အချိန်တွင် မျက်ဝန်းတွင် မျက်ရည်စများ ခိုတွဲလာလေသည် ။ " ကျွန်တော့်အပြစ်ပါ. လူကယ်ဖို့ ဆိုလို့ သန့်စင်သလင်းကျောက်တစ်ခု ပေးလိုက်မိတယ် .."
အာ့..
စကားဆုံးသည်နဲ့ လည်ပင်းထက်သို့ ရောက်လာသည့် ရိုမန်၏ လက်ကြောင့် လန့်သွားခဲ့သည် ။ တင်းကြပ်စွာ ဖျစ်ညစ်ထားခြင်းကြောင့် အသက်ရှုမဝတော့ချေ ။ ရိုမန်၏အေးစက်စက်အကြည့်က သူ့နှလုံးသားထဲအထိ အေးခဲသွားသလိုပင် တုန်ရီသွားခဲ့သည် ။ ခေါင်းဆောင်ရာထူးနဲ့တုန်းက အဲ့လောက် ဒေါသမထွက်ဘဲ အခုအချိန်တွင် ရိုမန်က သူ့အား တကယ်သတ်နိုင်တယ်ဟု ခံစားရလေသည် ။
အခုမှသတိဝင်လာသည့် သူများက လာကယ်ရန်ပြင်ကြသော်လည်း အန်းနက်၏ ဝင်တားဆီးခြင်းကို ခံလိုက်ရသည် ။ သူတို့က မျက်ဖြူလှန်လုနီးပါးဖြစ်နေသည့် ရိုးလ်ကို ကြည့်နေရုံသာ တတ်နိုင်လေသည်။
" မင်းကများ .. ရာရာစစ !! " ခံစားချက်မဲ့သည့် အသံနဲ့အတူ လက်ကိုအားထပ်ထည့်လိုက်သဖြင့် ရိုးလ်သည် သူသေပြီဟုပင် တွေးထင်သွားလေသည် ။ တချိန်တည်းမှာပင် ရစ်ခ်ျကိုးလ် မရှိသဖြင့် ကူကယ်ရာမဲ့သွားသလို ရိုမန်၏ သူ့အပေါ် လုပ်ရက်နိုင်ခြင်းကြောင့် ဝမ်းနည်းမိသွားလေသည် ။ နှလုံးသားတွင် စွန်းထင်းနေသည့် အမဲစက်မှာ မသိလိုက်ခင်မှာပင် ကြီးထွားလာခဲ့ပြီး ပြုံးနေသည့် မျက်ဝန်းပြာပြာပိုင်ဆိုင်ထားသည့် ပုံရိပ်တစ်ခုအပေါ်တွင်အမုန်းများ ကြီးထွားလာတော့သည်။ ထိုလူသာ မပေါ်လာပါက ရိုမန်သည် ပြောင်းလဲသွားမည် မဟုတ်သလို သူလဲ ဒီအခြေအနေထိ ရောက်မည် မဟုတ်ပေ ။
أنت تقرأ