" ကုချန်!!! ထစမ်း.. " စူးစူးဝါးဝါး အသံနဲ့အတူ မျက်နှာထက်သို့ လောင်းချလာသည့် ရေများကြောင့် အသဲအသန် ထထိုင်လိုက်ရသည် ။ ချင်ယွင်ချီ သက်တမ်းကုန်သွားကာ သေဆုံးသွားသည်နဲ့ သူသည်လည်း ချက်ချင်း ထွက်ခွာလာခဲ့ခြင်းပင်။
ပြန်ဆုံဖို့ အခွင့်အရေးရှိသေးသည်ကို သိထားသောကြောင့် ထူးပြီးဝမ်းနည်းမနေတော့ဘဲ သူ့ချစ်သူကို ပြန်ရှာဖို့ အလွန်တက်ကြွနေခဲ့သည် ။" ဟဲ့.. ဘာတွေ ငေးငိုင်နေတာလဲ .. အခုချက်ချင်းထပြီး မနက်စာသွားချက်စမ်း!!! " ပုခုံးကို လှုပ်ခါလာခြင်းကြောင့် စိတ်အခြေအနေကို ထိန်းညှိလိုက်လေသည် ။ သူက မျက်လုံးကို အသာပွတ်ကာ ထရပ်လိုက်သည် ။
" မြန်မြန်လုပ် .. ဒီအိမ်မှာ နေချင်ရင် အလကား နေလို့မရဘူး " အထင်တသေးပြောကာ ထွက်သွားသည့် အမျိုးသမီးအား တစ်ချက်သာ ကြည့်လိုက်ပြီး ရေတခွက်ယူကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည် ။
ဖလူး!!!! အဟွတ်....အဟွတ်
ကုချန်က မှန်ထဲတွင် ထင်ဟပ်နေသည့် ပုံရိပ်ကြောင့် ရေသီးသွားတော့သည် ။ ခပ်ဖွာဖွာချထားသည့် ဆံပင်တို့သည့် မျက်ခမ်းစပ်အထိ ရှိနေပြီး မျက်လုံးတို့ကို မထိတထိ ဖုံးအုပ်ထားခဲ့သည် ။ ခပ်ဖောင်းဖောင်းပါးနှစ်ဖက်တွင် ခွက်ဝင်နေသည့် ပါးချိုင့်လေးများက ပါးစပ်လုပ်လိုက်သည်နှင့် လှပစွာ ထင်းထွက်နေခဲ့သည် ။ ဆေးအကူမလိုဘဲ နီရဲနေသည့် နူတ်ခမ်းဖူးဖူးလေးက ကိုက်ဝါးချင်စရာကောင်းလှသည် ။
"" ဒီဖေ.. မိန်းကလေးနဲ့များ မှားလာတာလားဟ ""
ဆံပင်ကို အသာလှန်လိုက်သည့်အချိန်တွင် ထွက်ပေါ်လာသည့် ကြည်လင်နေသည့် မျက်လုံးဝိုင်းဝိုင်းတို့ကြောင့် ကုချန် က ခြေထောက်ပင် ပျော့ခွေသွားခဲ့သည် ။ ဘုရားမလို့ အသားအရေက ဖြူဥမနေတာဘဲ .. နုပျိုသည့် မျက်နှာနဲ့ ခန္ဓာကိုယ်ကြောင့် ဒီကိုယ်သည် အတော်လေး ငယ်ရွယ်သည့်ပုံပင် ။
ပထမတစ်ခါ အအော်ခံပြီးချိန်တွင်တော့ system သည် ဇာတ်ကြောင်းကို အရင်ပေးလာလေသည် ။
ဇာတ်လမ်း၏ အဓိက ဇာတ်လိုက် ရှုမင်ရန်သည် မာဖီးယား ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး H မြို့ တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့သည်။ ဇာတ်လိုက်မ ကုရှင်း သည် တရားမျှတမှုကို လိုလားပြီး လူဆိုးများကို အလွန်မုန်းတီးသူ ဖြစ်သည် ။ အမှန်တရားကို မြတ်နိုးသည့် သူမအတွက် ဆုံတွေ့ဖူးသည့် လူတိုင်းက အထင်ကြီးလေးစားကြပြီး ဝေဖန်စရာပင် မရှိပေ ။
![](https://img.wattpad.com/cover/278822395-288-k781475.jpg)
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "