/ ဒင်!!! တာဝန်ပြီးဆုံးသွားပါပြီ.. သင်ဟာ ဇာတ်လိုက်နေရာကို ရရှိသွားပါပြီ ။ အချက်အလက်များကို စစ်ဆေးနေပါသည်../
/ဒင်!!! ဇာတ်ကောင်၏ သေဆုံးရမည့် ကံတရားကြောင့် သင်ဟာ ဒီကမ္ဘာတွင် နေထိုင်လို့ မရပေ .. /
/ဒင်!!! လက်ရှိ ကမ္ဘာမှ ထွက်ခွာဖို့ 2 နာရီအချိန်ရပါမယ် /
ဆက်တိုက်ဝင်လာသည့် အသိပေးချက်များကြောင့် ရှန်ယိ က မျက်မှောင်ကို ကြုတ်လိုက်မိသည် ။
" ရှန်!!! နိုးလာပြီလား " အသံမှတဆင့် စိတ်ပူပန်မှုကို ခံစားလိုက်ရသောကြောင့် ရှန်ယိ က မျက်လုံးကို အသာဖွင့်လိုက်သည် ။ မငိုမိအောင် အံကြိတ်ထားသည့်အလား ဖြစ်နေသည့် ရွမ်းရီ ကို တွေ့ လိုက်ရသောကြောင့် အတော်လေး ဝမ်းနည်းသွားခဲ့သည် ။ သူက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း လည်ချောင်းသည် ခြောက်သွေ့ နေခဲ့ကာ အသံ မထွက်လာခဲ့ပေ ။
ရေသောက်ပြီးမှသာ အနည်းငယ် နေရတာ သက်သာသွားခဲ့သည် ။ သူက ရေခွက်ကို ချလိုက်ရင်း ခေါင်းငုံကာ ရပ်နေသည့် ရွမ်းရီ၏ လက်ကို လှမ်းကာ ဆုပ်ကိုင်လိုက်သည် ။
" လာပါဦး.. ကိုယ်ဖက်ထားချင်လို့ "
" ငါ.. ငါ မင်းကို သေအောင်လုပ်ခဲ့မိတာ " မျက်ဝန်းထဲတွင် အပြစ်ရှိစိတ်တို့ အထင်းသား ပေါ်လာသည့် လူကြောင့် ရှန်ယိက ခေါင်းကိုအသာခါလိုက်သည် ။ " မဟုတ်ပါဘူး "
သူအား ဝမ်းနည်းတကြီး ဖက်တွယ်လာသည့် လူကြောင့် ရှန်ယိက သက်ပြင်းအသာချလိုက်ပြီး တင်းကြပ်စွာ ပြန်လည်ဖက်တွယ်ထားလိုက်သည် ။
" ဘာလို့ အနားမယူဘဲ အပြင်ထွက်ချင်ရတာလဲ " နူးညံ့စွာမေးလာသည့် ရွမ်းရီ ၏ အမေးကို အပြုံးတစ်ခုနဲ့ တုန့်ပြန်လိုက်ပြီး " တစ်နေရာ ခေါ်သွားချင်လို့ "
အတန်ကြာ လမ်းလျှောက်ပြီးနောက် သူတို့က ရေကန်ငယ်ရဲ့ တဖက်မှ မက်မွန်ပင်ထံသို့ ရောက်လာခဲ့သည် ။
" အဟွတ်.. အဟွတ် .. ကိုယ့်ကို အဲ့ဟာလေး ယူပေးပါလား " ရှန်ယိ က မက်မွန်ပင်ပေါ်က အထုပ်လေး တစ်ခုကို ညွှန်ပြလိုက်သည် ။ ရွမ်းရီ က တစ်ချက် အသာခုန်လိုက်ပြီး လှမ်းယူပေးလိုက်သည် ။
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "