မနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်မှန်အား ဖြတ်လာကာ အခန်းတွင်းသို့ ကျရောက်လာသည် ။ ပိုင်ရီသည် အိပ်ရာထက်တွင် ဆတ်ခနဲ ထထိုင်လိုက်သဖြင့် နာကျင်မှုကြောင့် မျက်နှာရှုံမဲ့သွားသည် ။ ညက အဖြစ်အပျက်အားတွေးမိလိုက်ကာ ပိုင်ရီ၏ မျက်နှာသည် ထူးဆန်းသည့်အမှုအရာဖြစ်သွားလေသည် ။ ဘာကြောင့် သူတွေးထားသည်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေသနည်း ။
ဘုတ်!!!
ပိုင်ရီ၏ အတွေးမဆုံးခင်ပင် ထပ်မံဆွဲချခံလိုက်ရသည် ။ သူ့အား ဖက်တွယ်လာကာ ပြန်အိပ်နေသည့် ကုချန်အား ကြည့်လျက် ပိုင်ရီက သက်ပြင်းအသာချလိုက်သည် ။ ဒီနူးညံ့နေပုံရတဲ့ ရုပ်လေးနဲ့ မထင်ရက်စရာ ။
မုဝမ်ချင်သည် အခန်းထဲမှ ထွက်လာသည့် နှစ်ယောက်အား ကြည့်လျက် သူ့အမှုအရာက ပိုင်ရီထက်ပင် ထူးဆန်းနေလေသည် ။ သုံးယောက်ထဲတွင် ဥပဒေစာအုပ်အား အေးအေးဆေးဆေးဖတ်လျက် သက်တောင့်သက်သာ ရှိနေသည့် ကုချန်မှလွဲ၍ လေထုက အနဲငယ် ကိုးရိုးကားယားနိုင်နေလေသည် ။
ပိုင်ရီက ရေသောက်ရန်ပြင်လိုက်သည့်အချိန်တွင် ကုချန်က ညင်သာစွာ ပြုံးလျက် ရေခွက်ကမ်းပေးလာလေသည် ။ ကုချန်၏ လိမ္မာယဉ်ကျေးသည့် စံပြကျောင်းသားပုံစံက ပိုင်ရီအား သွေးအန်ချင်စိတ်ပေါက်လာစေသည် ။
" ကိုယ်.. အလုပ်သွားရဦးမှာမို့ .. " ပိုင်ရီက ထရပ်လိုက်ကာ ကုတ်အင်္ကျီအား ကောက်ယူလိုက်သည် ။ ကုချန်က စာအုပ်အား ချလိုက်ကာ " ကျွန်တော် လိုက်ပို့မယ် " သူက ပိုင်ရီ၏အဖြေကိုပင် မစောင့်တော့ဘဲ ဆွဲခေါ်သွားလေသည် ။
ကားပေါ်တွင် ပိုင်ရီက ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသည့် ကုချန်အား ကြည့်နေခဲ့သည် ။ သူ့အား လိုက်ပို့ပေးမည်ဆိုကာ ကားတွင်တပ်ထားသည့် camera မှ memory ကဒ်အား ဖြုတ်ကာ အလုပ်ရှုပ်နေခဲ့ခြင်း ။ သူက မနေ့က သူ ကုချန်အား စတွေ့ခဲ့သည့် အချိန်ကို သတိရသွားလေသည်။
ကုချန်က ပန်းခြံရှေ့တွင် ရပ်နေသည့် လူအားကြည့်နေသည်ကိုတွေ့လိုက်သဖြင့် ပိုင်ရီ၏အမှုအရာသည် ဆိုးရွားသွားသည်။ " လင်ရှောင်းရီ လား ... "
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "