Arc.6.8
3.7K 580 27
" နှလုံးသား?? " ရွမ်းရီက မျက်လွှာအသာပင့်လိုက်ကာ စီရန်ယွီအား ပြန်စိုက်ကြည့်လိုက်သည် ။ မျက်မှန်နောက်ကွယ်က မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားခဲ့သည် ။ သူက လက်ကို ဆန့်ထုတ်ကာ စီရန်ယွီ၏ ဗိုက်ကို ထိုးကာ အခန်းအပြင်သို့ ဒေါကြီးမောကြီး ထွက်သွားတော့သည် ။
" အရူးဘဲ .. ခများကို ပေးမှာ .. နှာဘူးကောင် "
စီရန်ယွီ နာကျင်သွားသည့် သူ့ဗိုက်ကို ဖိရင်း တဟားဟား အော်ရယ်ကာ နောက်မှ လိုက်သွားတော့သည် ။ ထိုစကားတစ်ခွန်းလေးနဲ့ ရွမ်းရီအားစိတ်လှုပ်ရှားအောင် မလုပ်နိုင်မှန်းသိသည် ။ သူမေ့နေသည် အထင်နဲ့ ပြောသည့်စကားအရ ဒီလူဟာ အကြင်နာတရားကင်းမဲ့သည့် လူသတ်သမား တစ်ယောက်ဖြစ်နေသည် မဟုတ်လား ။ သို့တိုင်အောင် ဒီလူသည် သူ့ချစ်သူ ဖြစ်နေဆဲ .. အနက်ရှိုင်းဆုံးတစ်နေရာတွင် သူ့အပေါ်ထားသည့် ခံစားချက်များ ရှိနေဆဲ ..
ရွမ်းရီက ဆေးရုံသို့ သွားပြီ ဖြစ်ကာ စီရန်ယွီ က အလုပ်သို့ လိုက်နှောက်ယှက်ရန် အဆင်မပြေတော့ပေ ။ အေးချမ်းသည့် အပြုံးလေးနဲ့ တည်တည်ငြိမ်ငြိမ်ပုံလေးက တကယ် လူသတ်သမား ဟု မထင်ရက်စရာ .. ကာကွယ်ပေးခံရဖို့သာ ထိုက်တန်သည့် ကောင်လေး တစ်ယောက်လိုပင် ..
ရွမ်းရီ သူ့အား စောင့်ကြည့်နေသည့် သူထွက်ခွာသွားမှ ထိုနေရာသို့ လှည့်ကြည့်လိုက်သည် ။ သူ့မျက်ဝန်းများက ရေသေအလား တည်ငြိမ်နေကာ လှုပ်ရှားမှု မရှိချေ ။ သူ့နူတ်ခမ်းများက လှပစွာ တွန့်ကွေးသွားခဲ့သဖြင့် ဖြတ်သွားဖြတ်လာ သူနာပြုမလေးများ၏ မျက်နှာကို နီရဲသွားစေ‌တော့သည်.. ။
***
" သခင်လေး!!! " ညနေအထိ ပြန်ရောက်မည် မဟုတ်ဟု ပြောသွားသည့် သူက နေ့လည်ကို ပြန်ရောက်လာသဖြင့် အိမ်တော်ထိန်းက အံ့အားသင့်သွားသည် ။
စီရန်ယွီက မျက်ခုံးအသာပင့်လိုက်ကာ " ဘာတွေများ အဲ့လောက် အံ့ဩဖို့ကောင်းလို့လဲ .." ငါ အားယားနေတာ မမြင်ဖူးလို့လား .. အိမ်စောစောပြန်လာတာကို အံ့ဩနေရအောင် ..
လက်ရှိ စီရန်ယွီ၏ စိတ်အခြေအနေအား စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည် ။ သူ့ချစ်သူက သူ့အား စမ်းသပ်ဖို့ကလွဲပြီး စိတ်မဝင်စားဘူး မဟုတ်ပါလား .. ရိုက်နှက်တောင် ခံခဲ့ရသေး .. ငါနော် စိတ်ရှိလက်ရှိ .. အားး တော်ပြီ ..