အန်းဇယ်ရီက အရင်ချိတ်ဆက်မှုများ ဖြတ်တောက်လိုက်ခြင်းကြောင့် မရှိတော့သည့် mission အား ဂရုမထားတော့သဖြင့် မုန့်ယိရှင်း၏ အခြေအနေအား ဂရုမစိုက်တော့ဘဲ မေ့လုနီးပါးဖြစ်နေလေသည် ။ သူက တချိန်လုံး လင်းယွီ့အနားဘဲ ကပ်နေသဖြင့် အိမ်တော်မှ အစေခံများပင် မျက်နှာ ပူလာကြသည်အထိပင် ။ လင်းယွီ့၏ စစ်သည်များသည်တော့ သူတို့ စစ်သူကြီး ထိကပါးရိကပါး လုပ်ခံနေရသည်ကို အံကြိတ်ကာသာ ကြည့်နေနိုင်သည် ။ မနေနိုင်၍ ဝင်ပါသူများက မွေးမိခင် မမှတ်မိလောက်အောင်အထိ ရိုက်နှက်ခံရလေသည် ။
" အာ... ငါ့ရဲ့ အလှလေး .. လွမ်းနေတာ " လင်းယွီ့က လူကြားထဲတွင် ခါးဖက်ခံရသည်မှာ အတော်လေးကျင့်သား ရနေပြီ ဖြစ်သည် ။ ဒီလူက ခါးဖက်တဲ့ ရောဂါ စွဲလမ်းနေသည်မှာ သေချာသလောက်ပင် ..။ ထိုရဲတင်းသည့် အမှုအကျင့်လေးတွေထဲ ပျော်ဝင်နေသည့် သူ့ကိုယ်သူပင် မအံ့ဩနိုင်တော့ပေ ..။
မိုးဖွဲ့အနည်းငယ် ကျဆင်းနေသဖြင့် အန်းဇယ်ရီက ထီးလေးကို ဖွင့်လိုက်ပြီး လင်းယွီ့၏ ခါးသိမ်သိမ်လေးအား ဖက်ကာ ထီးအောက်သို့ ဆွဲသွင်းလိုက်သဖြင့် နှစ်ယောက်သား အကွာအဝေးကို နီးကပ်စေလိုက်သည် ။
အန်းဇယ်ရီသည် အဖြူရောင်ဝတ်ရုံရှည်ကို သေသပ်စွာ ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် နူးညံ့မှုများ ပြည့်နှက်နေသဖြင့် သူ့ပုံရိပ်လေးသည် မသေမျိုးတစ်ယောက်အလား တင့်တယ်ကာ မြင့်မြတ်နေသည် ။ လင်းယွီ့က အခုတင်လေး စစ်စခန်းမှ ထွက်လာရသဖြင့် သူက အနီနဲ့အနက်ရောထားသည့် လေ့ကျင်ရေး ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားအိမ်မှထုတ်ထားသည့် ဓားတစ်ချောင်အလား ထက်မြတ်ကာ လွမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါရှိနေသည် ။ နှစ်ယောက်သားသည် ရေနဲ့မီးကဲ့သို့ တည်ရှိမှုမျိုးဟု ထင်မြင်ရလောက်သော်လည်း အလွန်ပနံသင့်ကာ လိုက်ဖက်ညီနေကြောင်းတော့ ဝန်ခံရပေမည် ။ အဓိကအချက်မှ နှစ်ယောက်လုံးသည် အကြည့် မလွဲနိုင်လောက်အောင် ချောမောခန့်ညားနေကြခြင်းပင် ။
လင်းယွီ့၏ မျက်နှာသည် ယခင်ကအတိုင်း တည်ငြိမ်နေသော်လည်း သိသာသော နူးညံ့မှုများရှိလေသည် ။ သူက အရင်တစ်ခေါက် အန်းဇယ်ရီနဲ့အတူ လာခဲ့သည့် အချိန်ကို ပြန်တွေးမိလိုက်သည် ။ ယခင်အချိန်က သူ့တွင် ကြင်ယာတော်တစ်ယောက်၏ တာဝန်ရှိနေခြင်းကြောင့်သာ လိုက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုတခေါက်က စိတ်လိုလက်ရ လိုက်လာခဲ့ခြင်းပင် ။ အမှန်ပင် သူက ဒီလူသားအပေါ်တွင် နက်ရှိုင်းသောခံစားချက်များ ရှိနေခဲ့လေပြီ...
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "