" သူ.. ရှန်ဝမ် ရဲ့ အခြေအနေ ဘယ်လိုလဲ ? " ရွမ်းရီ က ဟေးချန် အပြင်သို့ ထွက်လာသည်နဲ့ အလောတကြီး မေးလိုက်သည် ။
ဟေးချန် က စိတ်ထဲမှ သက်ပြင်းအသာချလိုက်သော်လည်း မျက်နှာထက်တွင် ဘာအမှုအရာမှ မပြခဲ့ဘဲ ရွမ်းရီအား အရိုအသေပေးလိုက်သည်။ " ရှန်ဝမ် ကို စိတ်မပူပါနဲ့ .. သူ ဘာမှမဖြစ်နိုင်ပါဘူး "
အထဲသို့ ဝင်ရန်ပြင်နေသည့် ရွမ်းရီ အား တားလိုက်ကာ " ရှန်ဝမ် ကို အခု အနားယူခွင့်ပေးလိုက်ပါ .. သက်သာသွားမှာပါ ..ရှန်ဝမ် အနားမယူခင် .. အရှင့် ကို ကူညီဖို့ ပြောသွားတယ်... နောက်ဆက်လုပ်မယ့် ကိစ္စကို ဒီငယ်သားနဲ့ ဆွေးနွေးနိုင်ပါတယ် .. ကျေးဇူးပြုပြီး " သူက လက်တစ်ဖက်အား အပြင်သို့ ညွှန်ပြလိုက်ရင်း ပြောလိုက်သည် ။
" တကယ် အဆင်ပြေရဲ့လား " ရွမ်းရီ ၏ အေးစက်စက်အမေးအား ဟေးချန်ကအပြုံးတစ်ခုဖြင့်သာ တုန့်ပြန်လိုက်သည် ။
ရွမ်းရီက အခန်းတံခါးအား ခနတာ စိုက်ကြည့်ပြီးနောက် လက်ဝှေ့ယမ်းကာ ထွက်သွားလိုက်သည် ။ ဟေးချန်က ထိုအခါမှ စိတ်လျော့လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည် ။ ' ရှန်ဝမ် .. အရှင် ပြောစေချင်တဲ့ အတိုင်း .. အဆင်ပြေဖို့ မျှော်လင့်ပါတယ် ' ပြီးနောက် သူလည်း ရွမ်းရီ အနောက်သို့ လိုက်သွားလိုက်သည် ။
ဖူး!!!!
ရှန်ယိ က နူတ်ခမ်းမှ သွေးအား ပုဝါဖြင့် အသာ သုတ်လိုက်သည်။ နှလုံးမှ ခိုက်ခိုက်တုန်အောင် နာကျင်မှုကြောင့် ရင်ဘတ်ကို ဖိကိုင်လိုက်သည် ။ အဆိပ်သည် သွေးကြောမှတဆင့် နှလုံးကို ရောက်နေခဲ့ပြီ ။ အတွင်းကလီစာများ ပျက်စီးလာမှုကြောင့် သွေးထဲတွင်ပင် အသားစများ ပါလာခဲ့သည် ။
မချိမဆန့် နာကျင်မှုနဲ့အတူ သွေးထွက်လွန်မှုကြောင့်ရှန်ယိ ၏ မျက်နှာသည် ဖြူဖျော့နေကာ သွေးရောင်ပင် မရှိတော့သော်လည်း မျက်နှာသည် အလွန်တည်ငြိမ်နေလေသည် ။ ထိုဒုက္ခအား တစ်နေ့လုံး ခံစားပြီးနောက် ရှန်ယိက အမှုအရာမပျက်ဘဲ သွေးစွန်းနေသည့် အဝတ်များကို လဲလိုက်ပြီး အဝတ်အသစ်ကို ဝတ်လိုက်သည် ။
ဝုန်း!!!
ရုတ်တရက် ပွင့်သွားသည့် တံခါးကြောင့် ရှန်ယိ က မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲလိုက်ကာ " ဘာလဲ.. ကိုယ့်ကို တစ်ရက်လေးမတွေ့ရရင် မနေနိုင်တော့ဘူးလား " အခန်းကို လေ့လာနေသည့် သူကြောင့် ရှန်ယိက သက်ပြင်းခိုးချလိုက်သည် ။
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "