ရိုင်ယန်၏ တောင်းဆိုမှုကို ကြားသည့် အချိန်တွင် လော့ က ကြောင်တောင်တောင်ကြည့်လိုက်ကာ " ငါတို့ သိလို့လား " သူသည် ရိုင်ယန်၏ ပြန်လည်ဖြေကြားမှုကိုပင် မစောင့်တော့ဘဲ လက်ကာပြရင်း အထဲသို့ ဝင်သွားလိုက်တော့သည် ။
" Liam .. Liam ကိုယ့်ကို သေချာကာကွယ်ရမယ်နော် .. " လော့သည် Liam ၏ ရင်ခွင်ထဲ ခေါင်းတိုးဝင်နေသည့် ခရော့စ်အား ကြည့်ရင်း သူပြောပြမိလိုက်သည်က မှားပြီဟု ခံစားလိုက်ရသည် ။ ' မင်းး မင်းး ဒီထက်ပို အရှက်မရှိလို့ မရတော့ဘူးလား ဟမ် ..'
ခရော့စ်သည် လော့၏ ထူးဆန်းသည့်အကြည့်အား လစ်လျုရှုကာ Liam ၏ ခါးကိုသာ ဖက်တွယ်ထားပြီး အခွင့်အရေး အပြည့်အဝ ယူနေလေသည် ။ ရိုဟန် သည်တော့ စက္ခုအာရုံ ပျောက်ဆုံးနေသည့် သူတော်စင်တစ်ယောက်လို့ တည်ငြိမ်စွာပင် အကြည့်လွဲလိုက်ကာ " ရိုင်ယန် ရဲ့ နာမည်က အခုတလော .. ဟိုးလေးတကျော်ကျော်ဘဲလေ .. သူက ဘာလို့ မင်းကို တွေ့ချင်နေတာလဲ .. "
တဖက်လှည့်ထားသည့် ရိုဟန်က ဂရုမစိုက်စွာ ပြုံးလိုက်ရင်း ခရော့စ်အား ချောက်တွန်းလိုက်သည် ။ " တစ်ခုခုမရှိတာ သေချာရဲ့လား .."
စကားစလာသည့်အချိန်တွင် လော့သည် အလိုက်သိစွာ တောင့်တစ်နေရာသို့ ရွေ့လိုက်တော့သည် ။ ဒီမကောင်းဆိုးဝါးများသည် တစ်ယောက်နဲ့တစ်ယောက် အပျော်အနေဖြင့် တခြားသူ စိတ်ဆင်းရဲအောင် ချောက်တွန်းတတ်ကြသေးသည် ။ ထိုအချိန်တွင် ဝေးဝေးနေလေ ကောင်းလေသာ ဖြစ်တော့၏ ။
ခရော့စ် က ရိုဟန်အား မျက်လုံးလှန်ကာ ကြည့်လိုက်ပြီး နူတ်ခမ်းများကို တွန့်လိုက်သည် ။ " မင်းက ငါ့ရဲ့ပိုင်ရှင်ကို မေးသင့်တယ် .. " သူက ပြောပြီးမှ လှောင်ရယ်ရယ်လိုက်ကာ " ဒါပေါ့လေ .. မင်းက တစ်ကိုယ်တည်း နေရတဲ့လူဆိုတော့ ဘယ်သိမှာလဲ .."
ရိုဟန် : "..." ကျေးဇူးပြုပြီး ငါ့ကို တခြားနည်းလမ်းနဲ့ တိုက်ခိုက်စမ်း !!!
သူက လက်ထဲက ကဒ်အား ချလိုက်ကာ လော့ထံသို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်သည် ။ လော့ သည် ရိုဟန်၏ ရည်ရွယ်ချက်အား မသိသည်ဖြစ်ရာ ကြောင်အလျက်သား ကြည့်နေလိုက်သည် ။ အနားသို့ ရောက်လာသည့် အချိန်တွင်တော့ ရှောင်ပြေးရန် လမ်းမရှိတော့ချေ ။
KAMU SEDANG MEMBACA
Romansa" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )