" ဒီမှာ ..ယူသွား .. နောက်တစ်ခါ ငါတို့ကို လာနှောက်ယှက်ရင် အဆိပ်ခတ်သတ်ပစ်မယ် .." ခရော့စ်က လော့ထံသို့ ဗူးလေးတစ်ခု ပစ်ပေးလိုက်သည် ။
လော့က ဝိုင်းစက်နေသည့် မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ကြည့်လိုက်သည် ။ " တကယ်ကြီးလား .. ဒါလးက တကယ် အမှတ်အသားကို ဖျက်နိုင်တယ်ပေါ့ .."
" မဖျက်နိုင်ဘူး " လော့သည် မျက်နှာသေဖြင့် ဖြေလာသည့် ခရော့စ်၏ မျက်နှာအား ကုတ်ခြစ်ပစ်ချင်လာသည် ။ စကားကို ဆုံးအောင် သေချာပြောလို့မရဘူးလားဟ .. အမှတ်အသား ဖျက်လို့ မရရင် ငါက ဘာလုပ်လို့ရမှာလဲ ..
" အမှတ်အသား ကို ချက်ချင်းဖျက်ချင်ရင် .. ဟီရုန် ထက် သန်မာတဲ့ တစ်ယောက်ကို ရှာလိုက်လေ .. ငါကတော့ မလုပ်ပေးနိုင်ဘူး .. " ခရော့စ်က Liam အား ကြည့်လိုက်ကာ " သူလဲ မရဘူး .."
" Alpha အချင်းချင်း အမှတ်အသားပြုလို့ မရဘူးဆိုတာ သိတယ်မလား.." ခရော့စ်က Liam အား ခိုးကြည့်နေသည့် လော့အား " သူ့ကို မကြည့်နဲ့ .. Liam ကိုယ်ပေါ်က အမှတ်အသားက သူသာ ဖျက်ချင်ရင် ခွန့်အား သုံးပြီး ဖျက်လို့ရတယ် .."
" ဒီဆေးက မင်းရဲ့ ဟော်မုန်းကို သန်မာစေတယ် .. Alpha တစ်ယောက်လိုဘဲ အမှတ်အသားကို မင်းရဲ့ ခွန့်အားနဲ့ ခြေဖျက်နိုင်ဖို့ အကူအညီဖြစ်စေလိမ့်မယ် .. " သူက လက်ကာပြရင်း " ငါက မင်းကို ဒီအထိဘဲ ကူညီနိုင်တယ် .. ကျန်တာ မင်းရဲ့ ကိစ္စဘဲ .. "
လော့က ခေါင်းညိတ်လိုက်၏ ။ Alpha တစ်ယောက်အား အားမကိုးဘဲ သူ့ဘာသာ အမှတ်အသားကို ဖျက်နိုင်ပါက အကောင်းဆုံးပင် ။ သူသည် Omgea တစ်ယောက်ဖြစ်ကာ မျိုးရိုးဗီဇအရ Alpha များကို မလွမ်းမိုးနိုင်သော်လည်း သူက ထိန်းချုပ်ခံမည်ဟုလည်း မဆိုလိုပေ ။ တိုက်ပွဲတွင်း ဟီရုန်၏ အပြုအမှုက သူ့အား ရွံ့ ရှာစေသည် ။
ဟီရုန်သည် ထိုနေ့က အပြုအမှုအတွက် တောင်းပန်ကာ တာဝန်ယူသည့်အနေဖြင့် လက်ထပ်ရန် သဘောတူခဲ့သည် ။ ထိုသူက အပြစ်ကနေလွတ်စေရန် သူ့အား အသုံးချချင်နေပေရာ သူ( လော့ )သည် နုံအ သည့် လူတစ်ယောက်အဖြစ်မခံနိုင်တော့ပေ ။
" ဟီရုန်ကို မားဂတ်အဖွဲ့က လာတောင်းနေတယ်တယ် .. ထွက်ပြေးသွားတဲ့ အပြစ်သားလို့ ပြောနေပေမဲ့ .. တစ်ခုခု မှုမမှန်ဘူးတဲ့ .. တခြားတောင်းဆိုချက်တစ်ခု အစား ဖြည့်ဆည်းပေးပါမယ်တဲ့ .. " ရိုဟန်သည် ခရော့စ်၏ တောင်းဆိုချက်ကြောင့် ထိုသတင်းအား သူ့ထံသို့ ပေးပို့လာခြင်း ဖြစ်၏ ။ ခရော့စ်က ဂရုမစိုက်ဟန် လက်ဝှေ့ယမ်းလိုက်သည် ။ " ကိစ္စမရှိဘူး .. ကိစ္စမရှိဘူး .. ကိုယ်လည်း ပြောကြည့်ရုံဘဲ . "
![](https://img.wattpad.com/cover/278822395-288-k781475.jpg)
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "