ဂေဟာထက်ပင် ကြီးမားသည့် အဆောက်အဦးသို့ ရောက်လာခဲ့သည် ။ လူတိုင်း အံ့ဩဝမ်းသာလို့ မပြီးခင်မှာပင် ဂေဟာမှူး နဲ့ သက်လတ်ပိုင်း လူတစ်ယောက်တို့ အပေးအယူလုပ်နေသည်ကို ကြောင်စီစီဖြင့် ကြည့်လိုက်ကြသည် ။
" ဒီနေရာက မင်းတို့ရဲ့ အိမ်အသစ်ဘဲ .. တသက်လုံးနေရာမဲ့ အိမ်ပေါ့ " သက်လတ်ပိုင်းလူက ပြုံးကာပြောလိုက်သော်လည်း ထိုသူ၏ အပြုံးက အကြံအစည်များ ပြည့်နေသည့်အပြုံးနဲ့ တူနေ၏ ။
Zen က ဦးစွာ ထွက်လာကာ " တသက်လုံး ?? ဆိုတာ ဘာသဘောလဲ .. နောက်နှစ်ဆိုရင် ထွက်သွားမှာ !! "
ဖြောင်း!!!
သက်လတ်ပိုင်းလူကြီး၏ အပြုံးက ပိုလို့အသက်ဝင်လာကာ Zen ၏ ဗိုက်အား ခပ်ပြုံးပြုံးဖြင့် ကန်ထည့်လိုက်သည် ။ " နောက်တစ်ခါ ထွက်သွားမယ်လို့ ကြားရင်.. ငရဲထက်ဆိုးတဲ့ နေရာကို ပို့ပစ်မယ် .."
မျက်စိရှေ့က ရိုက်နှက်သည့်မြင်ကွင်းက လူတိုင်းကို ကြောက်လန့်စိတ်သွင်းပေးလိုက်သလိုပင် ။ Andoshi ပင် Shun ၏ အနောက်သို့ ဝင်ပုန်းလိုက်မိသည် ။ သူက Shun တိုက်ခိုက်နိုင်မှန်းသိရာ ထိုအချက်အား အမိအရ ဆုပ်ကိုင်လိုက်သည် ။ ' မဖြစ်မနေဖက်ရမဲ့ ခြေသလုံးလေး '
" နောက်ကလိုက်ခဲ့စမ်း!! ထွက်ပြေးမယ်မကြံနဲ့ .. ဒီနေရာပတ်ဝန်းကျင်မှာ ငါ့လူတွေ ဝန်းရံထားတယ် .. အယောက်တိုင်းက Mana စွမ်းအင်ပိုင်ဆိုင်ကြတယ် .."
Mana စွမ်းအင် ဆိုသည့် စကားက သူတို့အား ပိုလိုကြောက်ရွံ့သွားစေသည် ။ သူတို့ ထွက်ပြေးနိုင်ရင်တောင် ထိုသူများက လျင်မြန်စွာ ပြန်ဖမ်းမိမည်ပင် ။ လူတိုင်း ငွေထုပ်ကိုင်ထားသည့် မိနိးမကြီးအား ကြည့်လိုက်သည် ။
Dia က နှာခေါင်းရှုံ့လိုက်ပြီး " ဟမ့် .. ငါက နင်တို့ကို ကျွေးမွေးထားတာဘဲ .. ကျေးဇူးတင်သင့်တယ် .. မတရားခံရသလိုလုပ်မနေနဲ့ ငါသာမကယ်ထားရင် အသက်တောင်ရှိမဲ့လူတွေ မဟုတ်ဘူးဆိုတာ မှတ်ထား .."
ထိုစကားအတွက် Shun က မှန်သည်ဟု ဝန်ခံရပေမည် ။ လောကတွင် ဘယ်အရာမှ အလကားမရပေ ။
Andoshi သည် ထိတ်လန့်ကာ တုန်ယင်၍ပင် နေလေသည် ။ " Shun မင်းပြောတာ တကယ်ကြီး " Andoshi ၏ အသံသည် ယင်ကောင်တစ်ကောင်မျိုချမိထားသလိုဖြစ်နေသည် ။ " ဝမ်းသာစရာသတင်းတော့ မဟုတ်ပေမဲ့ .."
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "