ရွမ်းရီ က ရှေ့ပြေးတပ်နဲ့ အတူ ထွက်ခွာသွားသည့် ရှန်ယိ ကို ကြည့်လိုက်ကာ ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်မိလိုက်သည်။ ရှန်ယိ၏ ပုံရိပ် ပျောက်ကွယ်သွားသည့် အချိန်မှသာ သူက ကျန်သည့် အဖွဲ့များအား ဦးဆောင်နေသည့် ပေရှီးနဲ့ အားနန် ထံသို့ သွားလိုက်ကာ မြင်းပေါ်သို့ တက်လိုက်တော့သည်။
ရှန်ယိ က အဖွဲ့ကို ဦးဆောင်ရင်း လာနေရင်း နောက်မှ လူများအား ရပ်ရန် အချက်ပြလိုက်သည် ။ ရှဝေ့ယိ တို့ ခံတပ်ကို ရောက်ဖို့ ဒီတောင်ကြားကို ဖြတ်ကျော်ရမှာဖြစ်သည် ။ ထိုအချိန်တွင် တောင်ကြား၏ တောင့်တိုင်းနေရာတိုင်းမှ တာရှန် စစ်သည်များ ပေါ်လာခဲ့သည် ။ ရှဝေ့ယိ က မြောက်များစွာသော စစ်သည်များကို ဦးဆောင်ပြီး ရှန်ယိ ထံသို့ ဦးတည်လာခဲ့လေသည် ။
ရှဝေ့ယိ သည် ဒီလမ်းကြောင်းကို ပိတ်ဖို့ ဆုံးဖြတ်လိုက်ပုံပင် ။ ဒါပေမဲ့... စစ်အင်အားက ..
ရှန်ယိက ဓားကို အသင့်ကိုင်လိုက်သည် ။ " ဟက်.. အာဏာကို မမက်တော့ဘူးလား .. "
ရှန်ယိ၏ စကားကြောင့် ရှဝေ့ယိ ၏ အကြည့်က ခက်ထန်သွားကာ နှာခေါင်းရှုံရင်း ပြောလိုက်သည် ။ " ဒီနေ့က မင်းရဲ့ သေနေ့ ဖြစ်ပြီး .. ဒီတောင်ကြားက မင်းရဲ့ သင်္ချိုင်းဘဲ .. "
ရှဝေ့ယိ က စစ်အင်အား အကုန်လုံးကို ဒီနေရာကို ခေါ်လာမည့်ကိစ္စက မထင်မှတ်ထားသည့် အချက်ပင် ။ ဒီဇာတ်လိုက်က သူ့ကို သတ်ဖို့ ဆုံးဖြတ်လိုက်ပုံရသည် ။ သူက တခြားလမ်းကို ရွေးခဲ့လျင် ရှဝေ့ယိက ထိုနေရာကို အင်အားအပြည့်ဖြင့် ရောက်လာပေလိမ့်မည် ။
' ဒါပေမဲ့ .. နေရာရွေးတာမှားနေတယ် ' တောင်ကြားသည် ကျဉ်းမြောင်းကာ လူသုံးဆယ် လောက်သာ ဝင်ဆံ့သည် ။ မြင်းတွေနဲ့ စစ်သည်ဆိုလျှင် ပြောဖို့ မလိုတော့ပေ ။ သူတို့က အချိန်ဆွဲပြီး သတ်နိုင်ဖို့သာ လိုလေသည် ။ ရှဝေ့ယိက တပ်တွေအားလုံးကို ခေါ်ခဲ့မှတော့ ရွမ်းရီတို့ လမ်းကြောင်းဘက်က ခက်ခဲမည် မဟုတ်ပေ ။ သူတို့က ရွမ်းရီတို့ ရှဝေ့ယိ ကို အနောက်ဘက်ကနေ ချောင်ပိတ်နိုင်သည်အထိ တောင့်ခံရမည် ။
တဖက်တွင် ရွမ်းရီ တို့က သတိထားနေရင်း တစ်ခုခုမှားနေသည်ဟု ခံစားရလေသည် ။ သူတို့ ထွက်ခဲ့ကတည်းက တာရှန်စစ်တပ်ကို မတွေ့သေးပေ ။ ရွမ်းရီက ဟေးချန်ကို စိုးရိမ်သည့် အမှုအရာဖြင့် လှည့်ကြည့်လိုက်သည် ။ သူထင်တာ မဟုတ်လောက်ဘူး မလား ..။
ВЫ ЧИТАЕТЕ