အပိုင်း ၁ (U&Z)

7.5K 233 4
                                    

(Unicode)

*တောင်းပန်ပါတယ်.... ဆက်မသွားပါနဲ့တော့...ပြန်လာခဲ့ပါ...

မှတ်တိုင် နီနီတွေကို ဖြတ်ကျော်ကာ ခြေလှမ်းကျဲတွေနဲ့ လျှောက်နေတဲ့ သူ့နောက်ကို အပြေးလိုက်နေတဲ့ လူက လှမ်းအော်ပြော လိုက်သည်။

*မရပ်ဘူး...ခင်ဗျားတောင် ကျွန်တော့်နားက အပြီးအပိုင် ထွက်သွားဖို့ ပြင်ခဲ့သေးတာပဲ...ကျွန်တော်က ဘာလို့ ရပ်တန့်ပေးရမှာလဲ...

*မဟုတ်ဘူး...အဲ့လို မဟုတ်ဘူး...ကော ရှင်းပြမယ်...ခဏလေး...ခဏလေး ရပ်နေပေးပါ...

*အဟင်း...ပြောပြီးသားလေ...ခင်ဗျား မရှိတဲ့ ဘဝမှာ ကျွန်တော် မနေဘူးလို့...ကျွန်တော် ချစ်တာ ခင်ဗျားတယောက်ထဲလို့...ဒီလောက် ပြောခဲ့တာတောင်...ခင်ဗျား ထားခဲ့ဖို့ လုပ်ခဲ့သေးတာပဲ...အခု ဘာတွေ မျှော်လင့်နေသေးတာလဲ...မရပ်နိုင်ဘူး...ဒီဘဝကို လက်စသတ်ဖို့ ကျွန်တော့်စိတ်ကို ပြင်ဆင်ပြီးမှ လုပ်ခဲ့တာ...

မျက်ရည်တွေ စီးကျနေရင်း ခြေလှမ်းကျဲတွေနဲ့ လျှောက်သွားနေရာမှ နောက်ကို လှည့်မကြည့်ပဲ သူ ပြန်ပြောနေမိသည်။

*တောင်းပန်ပါတယ်...မင်းကို ထားခဲ့ဖို့ တွေးခဲ့မိလို့... တောင်းပန်ပါတယ်...နောက်ဆို ခွဲမသွားတော့ပါဘူး... တကယ်ပါ...

ရုတ်တရက် နောက်မှ သိုင်းဖက်တာ ခံလိုက်ရလို့ ရှေ့ကို လှမ်းနေတဲ့ သူ့ ခြေလှမ်းတွေ ရပ်သွားရသည်။

*ဖယ်စမ်း...ကျွန်တော် ခင်ဗျားကို မမြင်ချင်ဘူး... ကျွန်တော့်နောက်ကို လိုက်မလာနဲ့...

ရောက်ရှိနေတဲ့ ရင်ခွင်ထဲမှ ရုန်းထွက်ကာ သိုင်းဖက်ထားတဲ့ ထိုလူ့ ရင်ဘက်ကို ဆောင့်တွန်းလိုက်သည်။

ဟင်...ဝိဥာဥ်ချည်ကြိုး...

သူ့ရဲ့ ညာဘက်လက်ကောက်ဝတ်မှာ လာချည်နေတဲ့ အနီရောင် ကြိုးလေးကို ကြည့်ရင်း အံ့အားသင့် ကာ ငြိမ်သက်သွားမိသည်။ ထိုခဏမှာပင် သူ့လက်ကို ဆွဲကာ နောက်မှ လိုက်လာတဲ့ ထိုလူက နောက်ကြောင်းပြန်လှည့်ကာ ပြေးလေတော့သည်။

သူ ပြေးလိုက်နေရရင်းမှ လက်မှ ကြိုးနီကို ဖြုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ချည်စက အသားထဲမှာ နစ်ကာဝင်နေသည်။ သူ့ ကိုယ်ခန္ဓာနဲ့ တသားထဲကျကာ ပျောက်နေသည်။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now