(Unicode)
ယောကျာ်းလေး တယောက်ဖို့ ကလေးထိန်းရတာ မလွယ်ကူတာကြောင့် အရှင်ရှောင်းကျန့် ပင်ပန်းမှာ စိုးတဲ့ ရိပေါ်က နေ့နေ့ညည ကူပြီး သားတော်ကို ထိန်းပေး ရှာသည်။ သားတော်ကလည်း အဖေကို တွယ်လွန်းသဖြင့် ရှောင်းကျန့်တယောက် အေးအေး ဆေးဆေး နားရသည့်အချိန်က ရှားလွန်းလှသည်။
*ကောရယ်...နားပါဦး...ဒီတနေ့လုံးလည်း သားတော်နဲ့ပဲ လုံးလည်လိုက်နေတာ မဟုတ်လား...နေ့လည်ခင်းတောင် မနားဘူးလား...စစ်ကျွေးနဲ့ ယွီပင်းကို အနားထားပေးထားတာ အလကား မဟုတ်ဘူး...ကော နားရအောင်လို့...အခုက ကောချည်းပဲ လုပ်နေတာလား...
*အေးပါ ရိပေါ်ရယ်...စိတ်မတိုပါနဲ့...မင်း...သားက...မင်းနဲ့ တူတယ်လေ...ကော ပျောက်တာနဲ့ အော်နေတာကို...သူတို့ နှစ်ယောက်လည်း ပင်ပန်းပါတယ်ကွာ...သားက မနေတော့ သူတို့လည်း ဘယ်လို လုပ်ရမယ် မသိဘူးလေ...အဲ့တော့ ကော ဘေးကနေပဲ လိုတာ လုပ်ပေးရတာပေါ့...
ရင်ခွင်ထဲက သားတော်ကို ဝမ်ရိပေါ်ဆီ ပေးရင်း ရှောင်းကျန့်က ပြေရာပြေကြောင်း ပြောသည်။ ရိပေါ် လက်ထဲမှာ သားတော်က တွန်းထိုးကာ ဆော့ကစားနေသည်။
*မင်းက ဘာကောင်လေးလဲ...မင်း ပါးပါးကိုကျ အနားက မခွာတမ်း ကပ်ေနပြီး...ငါ့ကိုကျ ကန်တယ်ပေါ့...ခမည်းတော်ကို ကန်ရင် ငရဲ ကြီးမှာနော်...မင်း သိလား...ကြည့်စမ်း...ပြောနေတာတောင် ဒီအကောင် ပေါက်စလေးက ခမည်းတော်ကို ကန်တယ်ပေါ့...မင်းလား ကန်တာ...ဒီကောင်လေးလား...ဟောဒီ ကောင်လေးလား...
သားတော်ကို ကလိထိုးကာ စနေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် ကြည်နူးစွာ ကြည့်ေန မိသည်။ သားတော် ရယ်သံ အခစ်ခစ်က အဆောင်ခန်းထဲမှာ ပျံ့လွင့်နေေတာ့သည်။
❣ ❣❣ ❣❣❣
နှစ်တရာ အကြာမှာတော့ သားတော်လေးရဲ့ ကင်ပွန်းတပ်ပွဲကို ကောင်းကင်နန်းတော်မှာပဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အဖေနှစ်ယောက်က ရလာတဲ့ သားတော်မို့ အထူးအဆန်း ဖြစ်ကြသလို အရှင်ရှောင်းကျန့်ရဲ့ ခင်ပွန်းအပေါ် ထားတဲ့ ချစ်ခြင်းကိုလည်း မည်သူမျှ မအံ့ဩပဲ မနေနိုင်ခဲ့ဘူး မဟုတ်လား။
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanfictionချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...