(Unicode)
အရှင်ရှောင်းကျန့် အိပ်နေတဲ့ကုတင်ဘေးမှာ ထိုင်ပြီး အရှင်ရှောင်းကျန့်ရဲ့လက်သေးသေးလေးကို ဝမ်ရိပေါ် ခပ်ဖွဖွလေး ဆုပ်ကိုင်ထားမိသည်။
သူ ဘာလို့ ဒီနတ်ဘုရားလေးကို အရမ်း စွဲလန်းခဲ့ရတာလဲ...မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖြစ်ခဲ့ရတာ...မမြင်ရတဲ့ ရက်တွေမှာ နေလို့မရလွန်းလို့ စိတ်ထွက်ပေါက် အမျိုးမျိုးပေးခဲ့တာ...ဒါတောင် ဒီမျက်နှာလေးကို မြင်လိုက်ရမှ ရင်အေးရတယ်...ကောကို ကျွန်တော် အရမ်းချစ်တာနော်...ထားခဲ့ဖို့ မတွေးပါနဲ့လား ကောရယ်...
ဝမ်ရိပေါ် ကိုယ့်ကိုယ်ကိုယ် မေးရင်း အဖြေရှာနေမိသည်။ သို့သော် တခုတည်းသော သိရှိချက်က အရှင်ရှောင်းကျန့် ဖြစ်နေလို့ကို စွဲလန်းခဲ့တာပင်။
ကောကို...ကျွန်တော် ချစ်လိုက်ရတာ ရင်နဲ့ အပြည့်ပဲ...ကောရဲ့ ဒီလက် သေးသေးလေးတွေကို ရဲရဲဝံ့ဝံ့ ထင်ထင်ပေါ်ပေါ် တွဲပြီး လောကထဲမှာ လျှောက်ချင်လိုက်တာ...ကျွန်တော်ကြောင့် ကောကို သိမ်ငယ်တာမျိုး မခံစားရစေချင်ဘူး...
ဆုပ်ကိုင်ထားတဲ့ လက်လေးဆီ ငုံ့ကိုင်းကာ နှုတ်ခမ်းပါးနဲ့ ညင်သာစွာ ထိကပ်လိုက်သည်။ မှဲ့နက်လေးကို နမ်းချင်ပေမယ့် အရှင်ရှောင်းကျန့် နိုးသွားမှာလည်း စိုးမိသည်ေလ။
နှုတ်ခမ်းပါးနဲ့ထိထားရင်း လက်လေးကို ခပ်ဖွဖွ ပွတ်သပ်ပေးမိပြန်သည်။
*ရိပေါ်...ဒီညလည်း မင်း မအိပ်သေးပြန်ဘူးလား...
ိမိမိ ဦးခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း မေးလိုက်တဲ့ အရှင်ရှောင်းကျန့် ကြောင့် ဝမ်ရိပေါ် ခေါင်းထောင်သွားရသည်။
*ကော...ကျွန်တော့်ကြောင့် နိုးသွားတာလား...
*မဟုတ်ပါဘူး...ဒီအတိုင်း နိုးလာတာပါ...
ပြောရင်းနဲ့ ရှောင်းကျန့် ထ ထိုင်ဖို့ ကြိုးစားလိုက်သည်။ ဆေးအရှိန်ကျန်သေးလို့ အနည်းငယ် အားနည်းနေသေး ပေမယ့် သူ့ကိုယ်သူတော့ ထူမတ်နိုင်လိုက်သည်။ ဝမ်ရိပေါ်က အလျင်အမြန်ထကာ ကူညီရှာသည်။
ကုတင်ဘောင်ကို မီရင်း ဝမ်ရိပေါ် ကို ရှောင်းကျန့် ကြည့်လိုက်သည်။ ဝမ်ရိပေါ်က အရှင်ရှောင်းကျန့်လက်လေးတွေကို ဆွဲယူ ဆုပ်ကိုင်ရင်း ခေါင်းငုံ့ထားသည်။
![](https://img.wattpad.com/cover/281679644-288-k755254.jpg)
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...