အပိုင်း ၃၃ (U&Z)

1.2K 107 4
                                    

(Unicode)

ရှောင်းစံအိမ်ရှေ့မှာ ရိပေါ် ရပ်ပြီး ငေးနေမိသည်။ ဒီ စံအိမ်ကို သူ့စိတ်ထဲမှာ အရမ်း ရင်းနှီး​ေနသည်။ အရှင်မ ပိုင်ယွင်ရဲ့ နွေးထွေးတဲ့ ပုံရိပ်တွေ။ အရှင်ရှောင်းယွမ်ရဲ့ ဖော်ရွေမှုတွေ။

ဟင်...ရှင်းလန်...

ရိပေါ် ထိတ်လန့်ကာ မိမိ ဦးခေါင်းကို လက်နှစ်ဖက်နဲ့ ဖိကိုင်မိသည်။

ဒါ...

*စစ်ကျွေး...ဒါ ရှောင်းစံအိမ် ဟုတ်ပါတယ်နော်...

*ဟုတ်ပါတယ် အရှင့်သား...

စစ်ကျွေးက အဝင် တံခါးမကြီးက ကြေးကွင်းတွေကို ဆွဲခါလိုက်သည်။

ချွင်...ချွင်...ချွင်...

မြည်သံအဆုံးမှာ တံခါးမကြီး ပွင့်လာခဲ့သည်။

*အိမ်ရှေ့စံ...

ရှောင်းအိမ်တော်ထိန်းက ဝမ်ရိပေါ်ကို ဦးညွတ် နှုတ်ဆက်သည်။

*အထဲကို ကြွပါ အိမ်ရှေ့စံ...အရှင်နဲ့ အရှင်မရဲ့ နှစ်ပတ်လည် ေအာင်းမေ့ဖွယ်နေ့မို့ တအိမ်လုံး ကန်တော့ပွဲမှာ ရောက်နေတာနဲ့...အိမ်ရှေ့စံ ရောက်နေတာကို မသိလိုက်ဘူး...တောင်းပန်ပါတယ် အိမ်ရှေ့စံ...ခွင့်လွတ်ပါ...

အနူးအညွတ် တောင်းပန်နေတဲ့ အိမ်တော်ထိန်းကို ကြည့်ရင်း ရိပေါ် စိတ်တို့ လှုပ်ရှား​ေနသည်။

*အိမ်တော်ထိန်း အခုစံအိမ်ရဲ့ သခင်မက ဘယ်သူလဲ...

*ဟင် အိမ်ရှေ့စံ...ရှောင်းအိမ်မှာ တဦးတည်းကျန်တာဆိုလို့ အရှင်ရှောင်းကျန့်ပဲ ရှိပါတယ်...လောလောဆယ် သခင်လေးက နဂါးငွေ့ သချင်္ ိုင်းက ပြန်မရောက်သေးပါဘူး...

ရိပေါ် ခြေလှမ်းတို့ နောက်ဆုတ်သွားရသည်။

ငါ့အတွေးထဲမှာ မှားနေတာတွေ အများကြီးပဲ...

*အထဲကိုကြွပါ အိမ်ရှေ့စံ...

ထပ်မံ ဖိတ်ခေါ်သံကြောင့် ရိပေါ် စံအိမ်ထဲ ဝင်လာခဲ့သည်။ ရင်းနှီးလွန်းတဲ့ မြင်ကွင်းတွေထဲ ရွှေရှင်းလန်ကို မြင်ယောင်မိနေသဖြင့် ရိပေါ် စိတ်တို့ ဒွိဟ ဖြစ်လာသည်။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now