အပိုင်း ၃၇ (U&Z)

1.2K 109 1
                                    

(Unicode)

*အရှင်ဝမ်ကျားမိန်အိမ်မှာ...ဘယ်သူမှ မရှိပါဘူး မိဖုရား...

*ဘယ်လို...

လူပြည်လွှတ်လိုက်တဲ့ အစောင့်က သူတွေ့တဲ့အတိုင်း အစီရင်ခံ ပေမယ့် ရှင်းစု အတွေးထဲ ရှုပ်ယှက်ခပ်နေတော့သည်။

သားတော်က ဘယ်ရောက်နေတာလဲ...

မနေနိုင်တော့တဲ့ အဆုံး ခင်ပွန်းဖြစ်သူ ကောင်းကင်နတ်ဘုရားဆီ ထွက်လာခဲ့သည်။

စာဖတ်ဆောင်ထဲ အလောတကြီးဝင်လာတဲ့ မိဖုရားကြောင့် ဝမ်တုမိန်က ဖတ်လက်စ စာလွှာကို ဘေးမှာချရင်း လှမ်းကြည့်လိုက်သည်။

*ဘာဖြစ်လာတာလဲ မိဖုရားရဲ့...အလောတကြီးနဲ့...

*သားတော် ပျောက်နေလို့ပါ အရှင်...

*သားတော်...ပျောက်...နေ...တယ်...ဘာသဘောလဲ မိဖုရားရဲ့...

ဝမ်တုမိန်က စိတ်ရှုပ်သလို မျက်မှောင်ကြုပ်ကာ ကြည့်လိုက်သည်။

*သားတော်က...မီးနတ်ဘုရားရဲ့ သားတော် မဂင်္ လာဆောင်က ပြန်လာတယ် ဆိုပြီး...အဆောင်မှာမရှိပဲ ပျောက်နေလို့ပါ အရှင်...

*​ေဩာ...ခက်ပါလား မိဖုရားရယ်...သားတော်က အိမ်ရှေ့စံတောင် ဖြစ်နေပြီ...သူ့ကိစ္စနဲ့သူ ရှိလို့နေမှာပေါ့...ဘာတွေများ တွေးပူနေတာလဲ...

မိမိပြောတာကို နားမလည်တဲ့ ခင်ပွန်းကို ရှင်းစု စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။

*သားတော် အ​​ေ​ခြအနေကိုလည်း...အရှင်သိသားနဲ့...ကျွန်မ ဘယ်လို စိတ်ချနိုင်မှာလဲ...

*ဟင်း...ဒါကြောင့် ေပြာတာပေါ့...မလုပ်ပါနဲ့ လို့...ကိုယ်တော် တားခဲ့တုန်းက မိဖုရားပဲ ကျေးဇူးက သက်သက်...ကြင်ယာတော်က သက်သက် ဆို...အခုတော့ ဘယ်မှာ စိတ်အေးနိုင်လို့လဲ...မိဖုရားက ကိုယ့်အပူ ကိုယ်ယူနေတာပဲ...

အကူအညီတောင်းဖို့လာပေမယ့် အပြစ်တင်ခံနေရတာကြောင့် ရှင်းစု စိတ်တိုလာသည်။

*ဟုတ်တယ်...အိမ်ရှေ့စံက ကျွန်မရဲ့သား...အရှင်နဲ့ ဘာမှ မဆိုင်ဘူး...အဲ့တော့ အရှင် စိတ်ပူစရာ မလိုဘူး...ကျွန်မပဲ စိတ်ပူမယ်...ဟုတ်ပြီလား...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now