(Unicide)
အနီရောင် အဆင်တန်ဆာတို့နဲ့ တန်ဆာဆင်ထားတဲ့ ခန်းမထဲ ဖြေးညင်းစွာ ဝင်လာတဲ့ အနီရောင် သတို့သားလေးကို ရိပေါ် မြတ်နိုးခြင်း အပြည့်နဲ့ ကြည့်မိသည်။ ဘာမှ ထူးထွေတဲ့ ဆင်မြန်းခြင်းတို့ မပါပေမယ့် ဒါကပဲ ရိပေါ်အတွက် မျက်လုံး မလွှဲနိုင်စရာ အကြည်ဓာတ်လေး ဖြစ်နေခဲ့သည်။
အစ်မတော် မွေးနေ့ပွဲမှာ စ တွေ့ခဲ့တဲ့ ပုံရိပ်လေးက အခက်အခဲ အချိုးအကွေ့များစွာထဲ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့်တိုင် ကြည်စင်မှုတွေက ဘယ်တော့မှ ပျောက်မသွားခဲ့။ အနီရောင် မဂင်္ လာဝတ်စုံမှာ ရွှေချည်များ တွဲရွဲကျနေပြီး ခြေလှမ်းလိုက်တိုင်း ဝဲခါနေပုံက အကြည့်တချက် မလွဲချင်စရာ အတည့်။
မျက်ဝန်း တောက်တောက်လေးတွေက ပြုံးပြနေသလို နှုတ်ခမ်းပါးတို့ကလည်း ကွေးညွတ်နေပြန်သည်။ မိမိကို ကြည့်ပြီး ရယ်ချင်သလို နှုတ်ခမ်းတွန့်တော့ ရိပေါ် ပြေးဖက်ချင်မိသည်။
ခန်းမတခုလုံးလည်း တအုံးအုံးနေအောင် ေဩာဘာပေးနေကြသည်။ အနားရောက်သည်အထိ မစောင့်နိုင်တော့တဲ့ ရိပေါ်က ခြေလှမ်းကျဲများနဲ့ အနီးပါးကို သွားကာ လက်ကမ်း ကြိုသည်။
ဒါကပဲ ရှောင်းကျန့်အတွက် ကြည်နူးစရာ မဟုတ်လား။ ထရန်းရွှယ်ရှမ်းကို မိမိကြောင့် လာခဲ့တာလို့ ရုပ်တည်ကြီး နဲ့ ပြောခဲ့တဲ့ကောင်လေး၊ အခွင့်အရေးရရင်ရသလို မထိတထိနဲ့ ချစ်ကြောင်း ပြောခဲ့တဲ့ကောင်လေး၊ သူ့ထက် အသက်များစွာကြီးတဲ့ သူက သူ့ကို ထားခဲ့မှာစိုးလို့ပါ ဆိုပြီး အတင်း လက်ထပ်ခဲ့တဲ့ကောင်လေး၊ လူကြီးပေါက်ကို စိတ်မချလို့ပါဆိုပြီး စစ်ပွဲထဲအထိ လိုက်ခဲ့တဲ့ ကောင်လေး၊ သူ့ အချစ်တွေကို လှည့်စားတယ်ဆိုပြီး အထင်လွဲပေမယ့် မိမိ သေမှာကို ကြောင့်ကြခဲ့တဲ့ ကောင်လေး၊ အခု ဒီကောင်လေးကပဲ ခြေလှမ်း လေးငါး ဆယ်လှမ်းစာကို မစောင့်နိုင်ဘဲ အနီးကို ရောက်ဖို့ အပြေးလာပြန်တယ် မဟုတ်လား။
ကြင်နာစွာ တယုတယ ဆွဲကိုင်လာတဲ့ လက်ကို ရှောင်းကျန့် မလွတ်တမ်း ဆုပ်ကိုင်လိုက်သည်။
ဒီတခါ ဆုပ်ကိုင်မှုမှာ...မင်းကို ကောတယောက်ပဲ ပိုင်ရမယ်ဆိုတဲ့ ယုံကြည်မှု အပြည့်နဲ့ ရိပေါ်...မင်းကို ဘယ်သူ့ကိုမှ မပေးနိုင်သလို...ကောအနားက ထွက်သွားဖို့လည်း ခွင့်မပြုတော့ဘူး...
![](https://img.wattpad.com/cover/281679644-288-k755254.jpg)
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...