အပိုင်း ၃၆ (U&Z)

1.3K 109 4
                                    

(Unicode)

*အို...ဘယ်လို ဖြစ်ပြီး ရှင်းလန်က တယောက်ထဲ ပြန်လာတာလဲ...သားတော်ရော...အိမ်ရှေ့စံရော တခါတည်းပါမလာဘူးလား...ဘယ်ရောက်နေလဲ...ဘယ်မှာ ကျန်ခဲ့တာလဲ...

ပြန်ရောက်ချိန် ရောက်သည်တိုင် သားတော်ကို မတွေ့သဖြင့် ရှင်းစု ကောင်းကင် တံခါးမှ စိတ်စောစွာ စောင့်နေခဲ့သည်။ သို့သော် ရောက်လာတာက ရွှေရှင်းလန်နဲ့ ကိုယ်ရံတော်များသာ။ သားတော်ရဲ့ အရိပ်အယောင်တောင် မမြင်ရချေ။

*အိမ်ရှေ့စံက မဂင်္ လာပွဲတောင်မပြီးသေးဘူး အစောကြီး ပြန်သွားတယ် မယ်တော်...သမီးနဲ့ ကျဲကျဲ​ေဖ့ဖေ့က သတို့သမီးကို နှုတ်ဆက်စကားပြောရင်းနဲ့...ညစာစားပွဲပါ ဆက်ပြီး တက်နေရလို့ပါ...ဒါနဲ့ အိမ်ရှေ့စံက ကောင်းကင် နန်းတော်ကို ပြန် မရောက်သေးဘူးလား...

ရွှေရှင်းလန် စကားကြောင့် ရှင်းစု ရင်ထိတ်သွားရသည်။ အစောင့်တယောက်ကို အမြန် လွတ်ပြီး သားတော် အဆောင်မှာ ရှိမရှိကို ကြည့်ခိုင်းလိုက်သည်။

*မယ်တော့်ဆီတော့ မလာသေးဘူး သမီး​ေတာ်ရဲ့...ပေါ့ဆလိုက်တာ...ဘာလို့များ အိမ်ရှေ့စံကို တယောက်ထဲ ပြန်လွှတ်လိုက်တာလဲကွယ်...ဒီအချိန်တွေက သတိထားရမယ့် အချိန်တွေလေ...သမီးတော်ရယ်...

မယ်တော်က အပြစ်တင်ပြန်တော့လည်း ရွှေရှင်းလန်က ငြိမ်သက်၍သာ နေမိသည်။ အဲ့လို ပျောက်သွားမယ်လို့မှ သူမ မသိတာကို။

မိမိရှေ့မှာ ခေါင်းငုံ နှုတ်ဆိတ်နေတဲ့ ရွှေရှင်းလန်ကို ကြည့်ရင်း ရှင်းစု သက်ပြင်းချလိုက်သည်။

*သွား...သွားနားတော့လေ...သမီး​ေတာ်လည်း ပင်ပန်းလာမှာပေါ့...မယ်တော်လည်း အဆောင် ပြန်တော့မယ်...သားတော်အကြောင်း ကြားရရင်သာ... မယ်တော့်ဆီကို အကြောင်းကြား...ဟုတ်ပြီလား...

ရှင်းလန် ခေါင်းညိမ့်ပြပြီး မယ်တော့်အနားမှ စိတ်ရှုပ်စွာနဲ့ ထွက်ခဲ့သည်။

အိမ်ရှေ့စံကလည်း...ဘယ်တွေ သွားနေမှန်းမသိဘူး...သူ့ကို တချိန်လုံး မျက်စိတောက်ထောက် ကြည့်နေရအောင်လည်း ကလေးလား...အခုတော့ အခွင့်အရေးရတာနဲ့ လှစ်ကနဲ့နေအောင်...ပျောက်သွားတော့တာပဲ...စိတ်ညစ်လိုက်တာ...ဘယ်တွေကို လိုက်ရှာရမှာလဲ...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now