(Unicode)
အိမ်မက်ကမ်းပါး စံအိမ်ရှေ့ ရောက်သည်နှင့် အတွင်းကို ရိပေါ် အလျှင်အမြန် ဝင်ခဲ့သည်။ အဆောင်လေးထဲမှာ အရှင်ရှောင်းကျန့်ကို ဝမ်ကျားမိန် နဲ့ ယွီပင်းက တစံုတခု တိုက်ဖို့ပြင်နေသည်ကို မြင်လိုက်ရသည်။
ဟင့်အင်း...မဟုတ်ဘူး...ေကာ မသောက်လိုက်ပါနဲ့...ကျွန်တော် ကောကို အဆုံးရှုံး မခံနိုင်ဘူး...
ခွမ်း...
ရုတ်တရက် မိမိလက်ထဲကပန်းကန်ကို ဆွဲယူကာ လွင့်ပစ်ခြင်း ခံလိုက်ရသဖြင့် ဝမ်ကျားမိန် ကြောင်သွားသည်။ အရှင်ရှောင်းကျန့်ကို ပွေ့ထူထားသည့် ယွီပင်းလည်း ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေသည်။
*ရိ...ပေါ်...
မင်း...ဒါဘာလုပ်တာလဲ...*တောင်းပန်ပါတယ်...မတိုက်ပါနဲ့ ဦးလေး...
*မင်း...မင်း ဘာဖြစ်ချင်နေတာလဲ ရိပေါ်...
အလန့်တကြား အော်လိုက်တဲ့ မိမိရှေ့မှာ ဒူးထောက်ကာ မျက်ရည်ကျနေတဲ့ ဝမ်ရိပေါ်ကို ဝမ်ကျားမိန်က နားမလည်သလို ကြည့်မိသည်။
*ကျွန်တော်...ကျွန်တော် ကောကို မစွန့်လွှတ်နိုင်ဘူး...ကော မရှိပဲ...ကော မရှိပဲ ကျွန်တော် ဘယ်လို နေရမှာလဲ ဦးလေးရယ်...တောင်းပန်ပါတယ်...ကောကို ကျွန်တော် သေခွင့်မပေးနိုင်ဘူး...မလုပ်ပါနဲ့ ဦးလေးရယ်...တောင်းပန်ပါတယ် နော်...
ကလေးတယောက်လို ဝမ်းပန်းတနည်း ငိုနေတဲ့ တူတော်ကို ကြည့်ရင်း ဝမ်ကျားမိန် စိတ်မကောင်း ဖြစ်သွားသည်။ သူက သဘောလောက် ပြောခဲ့ပေမယ့် တူတော်က အသည်းပျက်မတတ်ဖြစ်နေသည် မဟုတ်လား။ ထို့ကြောင့် တူဖြစ်သူ ဝမ်ရိပေါ်ကို ဆွဲထူကာ ခပ်ဖွဖွ ဖက်ထားလိုက်သည်။
*အေးပါကွာ...စိတ်ချပါ...ငါလည်း မတိုက်ချင်ပါဘူး...ဒါပေမဲ့ မင်းကိုယ်တိုင်လည်း ရှောင်းကျန့်ကို ဂရုစိုက်ဦးမှပေါ့...ငါ့ချည်း ပြောမနေနဲ့လေ...သူ သေချင်ရင် ငါက ကူညီမိမှာပေါ့...
ဝမ်ရိပေါ်က ကလေးတယောက်လို ခေါင်းညိမ့်ပြသည်။
*ဟုတ်ကဲ့...ကျွန်တော် ဂရုစိုက်ပါမယ်...ကော အနားမှာ ကျွန်တော် အမြဲ ရှိနေမှာပါ...ကောကို ထားမသွားတော့ပါဘူး...စိတ်ညစ်အောင်လည်း မလုပ်တော့ပါဘူး...ကတိပေးပါတယ် ဦးလေး...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...