(Unicode)
*မယ်တော်...
*ဟော...သားတော် လာလေ...
မိမိအဆောင်ကို အတန်ကြာ မလာခဲ့တဲ့ သားတော်က ရုတ်တရက် ရောက်လာတာမို့ ရှင်းစု ဝမ်းသာစိတ်တဝက်နဲ့ စိုးထိတ်နေမိသည်။
*သားတော်...မလာတာတောင် ကြာပြီနော်...ဟိုတလောက ကိစ္စလေ...အဲ့ဒါ သားတော်...
*ကိစ္စမရှိတော့ဘူး မယ်တော်...သားတော် နားလည်သွားပါပြီ...ပြီးတော့ မယ်တော့်ကိုလည်း...သားတော်က တောင်းပန်ချင်တာရယ်...ခွင့်တောင်းချင်တာရယ်...ရှိတယ်...
နားမလည်တဲ့ မျက်ဝန်းတွေနဲ့ သားတော်ကို ရှင်းစု ကြည့်လိုက်သည်။
*သားေတာ်က...ဘာကို တောင်းပန်ပြီး...ဘာအတွက် ခွင့်တောင်းချင်တာလဲ...
မယ်တော့်ရှေ့မှာ ရိပေါ် ဒူးထောက်ချလိုက်သည်။
*အို...သားတော် ဘာလို့ ဒီလို လုပ်ရတာလဲ...ထ ပါ...အဲ့လို မလုပ်ပါနဲ့...
ရှင်းစု ကဗျာကယာ သားတော်ကို ဆွဲထူလိုက်သည်။ သို့သော် သားတော်ကတော့ ကျောက်ရုပ် တခုနှယ်။
*သားတော် ပြောမယ့်အကြောင်းကိုပဲ မယ်တော် လက်ခံပေးပါနော်...ကျန်တာတွေက သားတော်အတွက် အရေးမကြီးလို့ပါ...
*ဘာများလဲ သားတော်ရယ်...ဘာအတွက်ကြောင့် ဒီလောက်ထိ လုပ်ဖို့ လိုတာလဲ...
သားတော်ကို ကြည့်ရင်း ရှင်းစု စိတ်မကောင်း ဖြစ်ရသည်။ သားတော်က တော်ရုံ စိတ်နဲ့ ဒီလိုလုပ်နေတာ မဟုတ်မှန်း ရှင်းစုက မွေးအမေမို့ ပိုသိတာပေါ့။
*သားတော် အတွက် နောက်ထပ် ကြင်ယာတော် ရွေးပေးဖို့...အရှင်ရှောင်းကျန့်ကို ထပ်မလုပ်ခိုင်းပါနဲ့တော့... သားတော် တောင်းပန်ပါတယ် မယ်တော်ရယ်...သားတော်ကြောင့် ကောကို ထပ်ပြီး စိတ်မဆင်းရဲ စေချင်တော့ဘူး...ပြီးတော့ သားတော်က အရှင်ရှောင်းကျန့်နဲ့ ရတဲ့ ရင်သွေးပဲ လိုချင်တာ...မရရင် မယူဘူး မယ်တော်...ဒါက သားတော် တောင်းဆိုချင်တာပါ...သားတော်အတွက် ကြင်ယာတော် အသစ်လည်း မလိုသလို...မျိုးဆက်အတွက်လည်း စိတ်မပူပါဘူး...အချိန်တန်ရင် သူ့သဘောသူဆောင်မယ့်...ဆက်ခံသူ တယောက်ကိုတော့ သားတော် ရွေးချယ် ပေးခဲ့မှာပါ...သားတော်နဲ့ အရှင်ရှောင်းကျန့် အတွက်က...ဘာမှ မလိုပါဘူး မယ်တော်...သားတော် တောင်းဆိုပါရစေနော်...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fiksi Penggemarချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...