(Unicode)
အဝေးက မြင်ရတဲ့ ကောင်းကင် စစ်တပ်ကို ဝမ်ရိပေါ် တအံ့တဩ ငေးကြည့်မိသည်။ ဒါက တပ်ပေါင်းစုံ စုထားတဲ့ တပ်။ လေ့ကျင့်ထားတဲ့ တပ်မဟုတ်သေးဘူး။
*ကော...
စစ်နတ်ဘုရားရဲ့ သား ပီသစွာ အရှင်ရှောင်းကျန့်သည် ကောင်းကင်စစ်သည်တွေကို ကျင်လည်စွာ ထိန်းကြောင်းနိုင်ခဲ့လေသည်။
ယွီပင်းပြောပြထားလို့ ကောင်းကင်နတ်ဘုရားဆီ ခွင့်တောင်းကာ ရှေ့ပြေးအနေနဲ့ မိစ္ဆာနတ်ဘုရားကို ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်းလည်း ဝမ်ရိပေါ် သိထားသည်။ ဒါကြောင့်လည်း ခမည်းတော်ရဲ့တပ်များက နောက်ချန် နားနေနိုင်ခြင်း ဖြစ် လေသည်။
*ကော...
ဝမ်ရိပေါ်နှုတ်က ခပ်တိုးတိုးလေး ရေရွတ်လိုက်တာပေမယ့် မြေပုံကို ကြည့်နေတဲ့ ရှောင်းကျန့်က လှည့်ကြည့်လာသည်။
*ရိပေါ်...
မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေကြောင်း ရှောင်းကျန့်မျက်နှာမှာ အထင်းသား ပေါ်နေသည်။ နေရာမှ မရွေ့ပေမယ့် လက်ကမ်းကာ ဝမ်ရိပေါ်ကို ကြိုသည်။ ေပြးဝင်ကာ ထွေးဖက်လိုက်မှ ေရှာင်းကျန့်က ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်ကြောင်း ဝမ်ရိပေါ် သတိထားမိတော့သည်။
*ရိပေါ်...နေကောင်းလာပြီလား...ဘယ်လိုနေသေးလဲ...ဒဏ်ရာတွေရော အားလုံး ပျောက်သွားပြီလား...အခုရော...ဒီကို ဘယ်လိုရောက်လာတာလဲ...
တသီတတန်းကြီး မေးခွန်းထုတ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က မြတ်နိုးစွာ ကြည့်သည်။
*အခု ကျွန်တော့်အတွက် စိတ်ပူရမယ့်အချိန်လား...ကောကို ကောလည်း ကြည့်ပါဦး...
မျက်နှာတွေလည်း ချောင်ကျနေပြီ...လူပုံကလည်း အခုချက်ချင်းပဲ လဲကျတော့မယ့် အတိုင်း...စံအိမ်ကို ခဏ ပြန်ရအောင်နော်...ကော နားဖို့ လိုနေပြီ...ဒီစစ်ပွဲကို ခမည်းတော် ဆက်ပြီး တိုက်နိုင်ပါတယ်...ခဏလောက် ပြန်နားပါဦးလား ကောရယ်...ရှောင်းကျန့်က ဝမ်ရိပေါ်ကို မြတ်နိုးစွာ ဖက်တွယ်လိုက်သည်။
*ဟင့်အင်း...ကော ဒီစစ်ပွဲကို ပြီးအောင်တိုက်မှာ...ခမည်းတော်ကိုရော...ရိပေါ်ကိုရော ထိခိုက်စေခဲ့တဲ့ အဲ့နတ်ဆိုးကို ကော ကိုယ်တိုင် လက်ရဖမ်းမယ်...မယ်တော်လိုက်သွားခဲ့တာ အချည်းအနှီးမဖြစ်ရအောင် ကော ဒီစစ်ပွဲကို အပြီးတိုက်မှာ...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanfictionချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...