အပိုင်း ၂၆ (U&Z)

1.2K 104 0
                                    

(Unicode)

*အရှင်...ရှောင်းကျန့်...
ဟုတ်လား...
ဝမ်ရိပေါ်...နင် မိုက်လှချည်လား...နင် ဘာတွေ တွေးနေခဲ့တာလဲ...ဟင်...ဒီလောကမှာ နင့်အတွက် မိန်းမ တော်တော် ရှားလို့လား...

ရှင်းစု သည်းမခံနိုင်တော့။ သားတော်မျက်နှာကို စေ့စေ့ကြည့်ကာ ဒေါသနဲ့ အော်တော့သည်။

သမီးတော် သတိပေးခဲ့တာ အမှန် ဖြစ်နေခဲ့တယ်တဲ့လား။

*မရဘူး ဝမ်ရိပေါ် ...မပေးစားဘူး...နင် သေလောက်အောင် လိုချင်ရင်တောင် အသေပဲခံလိုက်...နင့်ကို ငါ့သားတော်လို့ မပြောနဲ့...

ဒေါသတကြီး အော်ဟစ်ကာ ထွက်သွားတဲ့ မိဖုရားကို ကြည့်ကာ ဝမ်တုမိန် သက်ပြင်းချသည်။ ထို့နောက် မျက်နှာသေနဲ့ ထိုင်နေတဲ့ သားတော်ကို ကြည့်မိပြန်လေသည်။

*ဘယ်လို ဖြစ်ရတာလဲ သားတော်...ဒါက လောက နိယာမကို သွေဖယ်နေတယ်လေ...ပြီးတော့ ကောင်းကင် ဘုံကျောင်းကရော...သားတော်တို့ကို အသိအမှတ်ပြုမယ် ထင်လို့လား...

ဝမ်တုမိန်ကတော့ ကိစ္စပေါင်းများစွာကို ဖြေရှင်းနေရသူပီပီ အေးအေးဆေးဆေး ပြောသည်။

*သားတော် သိပါတယ်...ဒါပေမယ့်...ကောကိုပဲ သားတော် သဘောကျတယ်...လက်ထပ်ချင်တယ်...ကော မရှိပဲ သားတော် မနေနိုင်ဘူး ခမည်းတော်...ကောင်းကင်နန်းတော်က လက်မခံရင်...လက်ခံတဲ့နေရာမှာ သားတော်...ကောနဲ့ အတူ သွားနေမယ်...

*သားတော်...

ဝမ်တုမိန် သားတော်ကိုကြည့်ကာ ခေါင်းခါရမ်းလိုက်သည်။

*ဟင်း...မင်း မိုက်မဲတဲ့ ဆုံးဖြတ်မှုမျိုး လုပ်ခဲ့ရင်တောင်...အရှင်ရှောင်းကျန့်ကတော့ တည့်မတ်ပေးမယ် ထင်ခဲ့တာ...

*မဟုတ်ပါဘူး...ကော ရုန်းလို့မရအောင်ကို ကျွန်တော် ဆွဲထားခဲ့တာပါ...

ဝမ်တုမိန် ပြောစရာစကား မရှိတော့။ သူ ကိုယ်တိုင်ပင် ဆုံးဖြတ်ရန် ေဝဝါးနေခဲ့လေသည်။

❣  ❣❣  ❣❣❣

ရက်ရာဇာတွေ ရွေးခဲ့ပြီ။ ဘယ်လိုဖြစ်ဖြစ် သားတော်ရဲ့ ကြင်ယာတော်က ရှင်းလန်ပဲ ဖြစ်ရမည်လေ။ ကောင်းကင်ဘုံကျောင်းက အမိန့်စာလွှာမှာ ဘယ်လိုပဲ ရေးထားထား နောက်ဆုံးမှာ တော့ သားတော်က ရှင်းလန်နဲ့ လက်ဆက်ရမှာပဲလေ။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now