အပိုင်း ၃ (U&Z)

1.8K 156 0
                                    

(Unicode)

ရှောင်းကျန့်ရဲ့နေ့စဥ်အလုပ်တွေထဲမှာ မနက်တိုင်း ဝမ်ရိပေါ်ကို အိပ်ယာနှိုးဖို့နဲ့ ထမင်းစားဖို့ သတိပေးရတာ ပိုလာသည်။ ထိုနှစ်ချက်မှ လွဲလျင် ဝမ်ရိပေါ်သည် အရှင်ရှောင်းကျန့်အတွက် တကယ်ကောင်းတဲ့ တပည့်၊ အခန်းဖော် ဆိုလည်း မမှားနိုင်ပေ။

*ကော...ကျွန်တော့် သင်တန်းချိန်ပြီးပြီ...ကောရော စာသင်ချိန် ပြီးပြီလား...

ရှောင်းကျန့်က စာသင်ချိန်ပြီးလျှင် အဆောင်ကို တန်းပြန်တတ်ပေမယ့် ဝမ်ရိပေါ်ကတော့ သူ့ သင်တန်းချိန်ပြီးလည်း အရှင်ရှောင်းကျန့် စာသင်ချိန်မပြီးသေးလျှင် ထိုင်စောင့်နေတတ်သည်။ ဘယ်လောက်ပြောပြော အရှင်ရှောင်းကျန့် မပါဘဲ အဆောင်ကို ပြန်လေ့မရှိ။

*ကော မရှိရင် အဆောင်က ​ပျင်းစရာကြီး...

ဒါက အဆောင်ကို စောပြန်ခိုင်းတိုင်း ပေးတတ်တဲ့ ဝမ်ရိပေါ်ရဲ့ ဆင်ခြေ။

ကျောင်းသားများ စုဝေးလေ့ရှိရာ ပင်မဆောင်ရှိ ရေကန်ဘေးမှ ထိုင်ခုံသည် ဝမ်ရိပေါ်တယောက် အရှင်ရှောင်းကျန့်ကို ထိုင်စောင့်တတ်သည့် နေရာပင်ဖြစ်သည်။

အတန်းထဲမှာ စာကို စိတ်ဝင်တစားရှိတတ်တဲ့ ဝမ်ရိပေါ်က ရုပ်ရည် ချောမောခြင်းကြောင့်သာမက ကောင်းကင်နတ်ဘုရားသားတော်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်လည်း ထင်ရှားနေပြန်သည်။ အမြဲတမ်းနီးပါး ရုပ်တည်ကာ စကားနည်းသည်။ အေးစက်စက် နေတတ်ပေမယ့် အရာရာကိုလည်း စူးစမ်းတတ်ပြန်လေသည်။

ထိုဝမ်ရိပေါ်သည်ပင် စာသင်ခန်းထဲမှာ စကားနည်းသလောက် အရှင်ရှောင်းကျန့် ရှေ့မှာတော့ သာလိကာ ရှုံးလောက်အောင် ပေါက်ပေါက်ဖောက်နိုင်လေသည်။ အဆော့မက်ကာ ရွှတ်နောက်နောက်နဲ့ အစသန်သည်။ ဂျီကျကာ ကလေးတယောက်လို ခုန်ပေါက်နေတတ်ပြန်လေသည်။

ထူးဆန်းသော အရှင့်သားပါတကား။

❣ ❣❣ ❣❣❣

*အရှင်ရှောင်းကျန့်...အဆောင်မှာ အရှင့်သားနဲ့ နေရတာ အဆင်ပြေရဲ့လား...

တဦးတည်း သီးခြားနေတတ်တဲ့ အရှင်ရှောင်းကျန့်အကြောင်းကို သိထားသူတွေပီပီ ထရန်းရွယ်ရှမ်းမှ ဆရာတွေက စကားကြုံတိုင်း ရှောင်းကျန့်ကို မေးကြလေသည်။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now