အပိုင်း ၄၃ (U&Z)

1.5K 107 9
                                    

(Unicode)

*သခင်လေး...

ယွီပင်းရဲ့ အလန့်တကြား အော်သံကြောင့် ရိပေါ် နောက်လှည့်ကြည့်လိုက်သည်။ မြင်လိုက်ရတဲ့ မြင်ကွင်းကို ခေတ္တမျှ ငေးကြောင်ပြီး ရိပေါ် ကြည့်နေမိသည်။

ကော...

မသိစိတ်ရဲ့ လှုံဆော်မှုကြောင့် မရည်ရွယ်ဘဲ သူပါ ဝရံတာမှ ခုန်ချပြီး အရှင်ရှောင်းကျန့်ကို အမိအရ ဖမ်းဆွဲ နိုင်ဖို့ ကြိုးစား လိုက်သည်။ အိမ်မက်ကမ်းပါးရဲ့ ချောက်က ဘယ်လောက်အထိ နက်သည် မသိ။ အမြဲ မြူတွေ ပြည့်နေတတ်သည်။ ခါးစည်းကြိုးကို ချွတ်ပြီး အထိန်းအကွပ်မဲ့ ပြုတ်ကျနေတဲ့ အရှင်ရှောင်းကျန့်ဆီ ပစ်ကာ ဖမ်းဆွဲလိုက်သည်။

ရင်ခွင်ထဲ ရောက်လာတဲ့ အရှင်ရှောင်းကျန့်ကို ခါးမှ သိမ်းဖက်ပြီး စွမ်းအားသုံးကာ ရိပေါ် လေထဲမှ ပြန်ခုန်တက်ခဲ့သည်။

စိတ်ဇောကြောင့်သာ လှုပ်ရှားခဲ့တဲ့ ခန္ဓာကိုယ်ရဲ့ နာကျင်မှုကြောင့် သတိလစ်လုမတတ်ဖြစ်နေတဲ့ အရှင်ရှောင်းကျန့်က သူ့ရင်ခွင်ကို မှီပြီး တိုးတိုးလေး ရေရွတ်နေခဲ့သည်။

*မင်းကို မုန်းမရတဲ့ ငါ့ကိုယ်ငါ မုန်းလိုက်တာ...

အရှင့်သား လက်ထဲမှာ စိတ်နဲ့လူမကပ်ဘဲ ပြန်ပါလာတဲ့ သခင်လေးကို ယွီပင်း ပြေးပွေ့လိုက်သည်။ အိပ်ရာ​ေပါ်မှာ နေရာချ ပြီးသည်အထိ ငြိမ်သက်နေဆဲ သခင်လေးကို ကြည့်ပြီး ယွီပင်း ပူပန်လာသည်။

*နန်းတော်က သမားတော် ပို့ပေးလိုက်မယ်...ခဏစောင့်နေ...

မျက်နှာပျက်နေတဲ့ အရှင့်သားက အိပ်ရာပေါ်မှ သခင်လေးကို တချက်မျှ လှမ်းကြည့်ပြီး အဆောင်ထဲမှ ခပ်သွက်သွက် ထွက်သွားသည်ကို ယွီပင်း တွေ့လိုက်ရသည်။

အပြင်းအထန် လှုပ်ရှားလိုက်မှုကြောင့် သခင်လေး ကိုယ်မှ ဒဏ်ရာ တချို့က သွေး​ပြန်စို့လာသည်ကို ယွီပင်း တွေ့လိုက်ရသည်။

*သခင်လေးရယ်...ဘာလို့များ အဲ့လောက်ထိ ခံစားချက်ကြီးရတာလဲ...ကိုယ့်ကိုယ်ကိုယ် သတိထားပါဦး...

မိမိကို ပြန်ကြည့်နေတဲ့ သခင်လေးရဲ့ မျက်ဝန်းတွေက ခံစားချက် မဲ့နေသလို ယွီပင်း ခံစားလိုက်ရသည်။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now