အပိုင်း ၂၂ (U&Z)

1K 96 0
                                    

(Unicode)

ဒဏ်ရာ ရသူတွေ အများအပြား ရှိနေပေမယ့် ကောင်းကင် နတ်စစ်သည်တို့က စိတ်ဓာတ်မကျပဲ မိစ္ဆာတို့ကို ခုခံခဲ့ကြသည်။ အခုတော့ အိမ်ရှေ့စံနဲ့အတူ စစ်ကူလည်း ရောက်လာပြီမို့ အရေးတကြီး ဆေးကုသရန် လိုအပ်သူများကို ကောင်းကင်နန်းတော်ဆီ ပြန်ပို့ ပေးနေရသည်။

*အင်း...စခန်းမှာ စစ်သည် အင်အား အတော်နည်းသွားမယ် ထင်တယ် သားတော်လေး...ဒီအတိုင်းဆို ခံစစ်ကို အချိန်ကြာကြာ တောင့်ခံထားနိုင်ပမလား...

*ကြိုးစားကြည့်ရမှာပဲ ခမည်းတော်...မနက်ဖြန်ဆို အစ်မတော်ရဲ့ မဂင်္ လာပွဲလည်း ပြီးပြီဆိုတော့ သားတော်ရဲ့ ခမည်းတော်လည်း လိုက်လာမှာပါ...

အရှင်ရှောင်းယွမ်ကတော့ ဒီတညအတွက်ကိုပင် အတော် ပူပန်မိလေသည်။ စစ်သူကြီးတွေက ဒဏ်ရာ ရထားပေမယ့် လက်အောက် စစ်သည်တွေ အားမငယ်အောင် ကောင်းကင်နန်းတော်ဆီ မပြန်ပဲ တိုက်ပွဲ ဆက်ဝင်ရန်သာ စိတ်ကူးထားလေသည်။ အရှင်ရှောင်းယွမ် ကိုယ်တိုင်ပင် ဒဏ်ရာတို့နဲ့ မဟုတ်လား။ 

*အခုတက်လာတဲ့ မိစ္ဆာနတ်ဘုရားက အတော်ကို ကောက်ကျစ်တယ် သားတော်လေး...ပြီးတော့ စစ်ရဲ့ သဘောစည်းကမ်းကိုလည်း မလိုက်နာဘူး...အဲ့တော့ သတိမပျက်မှ ရမယ်...အခု စခန်းမှာ အင်အားနည်းနေမှန်းလည်း သူသိမှာပဲ...ဒါကြောင့် ကောင်းကင်နတ်ဘုရား မလာခင်အထိ ခမည်းတော်တို့က ခံစစ်ကို ကြာကြာတောင့်ခံဖို့ အသေအချာ ပြင်ဆင်ထားရမယ်...

*စိတ်ချပါ ခမည်းတော်...ကျွန်တော် စီစဥ်ထားပါမယ်...ခမည်းတော်လည်း နားပါဦး...ကျွန်တော် ဒီရောက်ကတည်းက နားရတယ်လို့ မတွေ့ရသေးဘူး...

အရှင်ရှောင်းယွမ်က ပြုံးလိုက်သည်။

*သားတော်လေး...တိုက်ပွဲဝင်နေတဲ့ စစ်သည်မှာ အိပ်ဖို့ နားဖို့ဆိုတာက မဖြစ်မနေ လုပ်ရမယ်လို့ မဟုတ်ဘူး...မျက်စိတမှိတ် အသက်တချက်ရှုလိုက်တဲ့ တခဏကိုတောင် နားချိန်လို့ စိတ်ချ မထားရဘူး...ရန်သူဟာ အဲ့အချိန်လေးမှာကို တိုက်ခိုက်နိုင်သေးတယ် မဟုတ်လား...

အရှင်ရှောင်းယွမ် စကားကြောင့် ဝမ်ရိပေါ်က ဦးညွတ်လိုက်သည်။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now