အပိုင်း ၉ (U&Z)

1.2K 118 3
                                    

(Unicode)

ဒီနေ့ ထရန်းရွှယ်ရှမ်းမှာ အထူးပြင်ဆင်နေကြသည်။ ကောင်းကင်နတ်ဘုရား ကြွလာမှာမို့လည်း အားလုံးက ဝမ်းသာအားရ ပြင်ဆင်နေကြခြင်း ဖြစ်သည်။

*ကောင်းကင်နတ်ဘုရား ကြွလာပါပြီ...

ကျောင်းသားတွေရော ဆရာတွေပါ မကျန် ဆရာသခင့်နောက်မှာ တန်းစီရပ်ရင်း ကောင်းကင် နတ်ဘုရားကို ကြိုဆိုကြလေသည်။ ဒီနေ့ အရှင့်သား ဝမ်ရိပေါ်ရဲ့ပညာသင်ခြင်း ခရီးနိဂုံးမဟုတ်လား။

ထရန်းရွှယ်ရှမ်းကို လာစဥ်က လိုက်ပို့မခံပဲ တယောက်ထဲ ထွက်သွားတဲ့ သားတော်ကို အပြန်ခရီးမှာတော့ အရကြိုဖို့ ဝမ်တုမိန် စဥ်းစားခဲ့သည်။ ထို့ကြောင့်ပင် သားတော်ကို ပြောမနေတော့ပဲ ကျောင်းဆင်းပွဲကို ရောက်လာခြင်း ဖြစ်လေသည်။

*လာပါ အရှင်...ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်...ဒီနေ့ကတော​့ ထရန်းရွှယ်ရှမ်းရဲ့ နေ့ထူးနေ့မြတ် တနေ့ပါပဲ...

ထရန်းရွှယ်ရှမ်းရဲ့ဆရာသခင်က ဝမ်းသာအားရ ဦးညွတ်ကာ ကြိုလေသည်။

ဝမ်ရိပေါ် စိတ်ထဲတော့ သဘောမကျ။ မိမိအား ကြိုးတုတ်ခေါ်ရန် ရောက်လာသလို ခံစားရသည်။

ကဗျာစာစပ်ခြင်း စာလုံးရွေးချယ်ခြင်း စာပိုဒ်စပ်ခြင်းများကို ပြုလုပ်ခဲ့ကြသလို စွမ်းရည်ပြပွဲအဖြစ် တိုက်ခိုက်ရေးများကိုလည်း အထူးပြသခဲ့လေသည်။ သားတော်ရဲ့ပညာအစွမ်းတချို့ကို မြင်ခွင့်ရတာကြောင့်လည်း ဝမ်တုမိန်တယောက် ကျေနပ်မိလေသည်။

❣ ❣❣ ❣❣❣

အခမ်းအနား အပြီး ကောင်းကင်နတ်ဘုရားက သားတော်နေထိုင်ရာ အရှင်ရှောင်းကျန့် အဆောင်လေးဆီ လိုက်ခဲ့လေသည်။

*ဒီအထိ လာမယ် မထင်မိလို့ ဘာမှ မပြင်ဆင်ခဲ့ရဘူး...မသပ်မရပ် ဖြစ်နေခဲ့ရင် အရှင့်ကို တောင်းပန်ပါတယ်...

မိမိရှေ့က ကောင်းကင်နတ်ဘုရားကို ရှောင်းကျန့်က ဦးညွှတ်ရင်း အားနာစကား ဆိုလိုက်သည်။

*ရပါတယ် အရှင်ရှောင်းကျန့်ရယ်...အထွေအထူး မလိုပါဘူး...သားတော် နေတဲ့ နေရာဆိုလို့ မြင်ဘူးရအောင် လာခဲ့ရုံပါပဲ...အေးအေး သက်သာပေါ့...အရှင်ရှောင်းကျန့် နဲ့လည်း ပြောစရာလေးတွေ ရှိလို့ပါ...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now