အပိုင်း ၁၄ (U&Z)

1.2K 113 0
                                    

(Unicode)

တကယ်တော့လည်း တာဝန်ကိုယ်စီနဲ့ သူတို့ ဘဝတွေ မလွတ်လပ်ရှာပါဘူး။

အခုဆို ထရန်းရွှယ်ရှမ်းမှာ တိုက်ခိုက်ရေးတွေ အတွက် သင်ကြားချိန်တွေ ပိုပေးရလို့ အရှင်ရှောင်းကျန့်တယောက် ကျောင်းဆင်းချိန်တွေ နောက်ကျလာသည်။ မနက်လည်း ကျောင်းစော​ေစာတက်ရသဖြင့် ရှောင်းကျန့် ခမျာ တခါတရံမှ ရောက်လာတဲ့ ဝမ်ရိပေါ်အနားကို ကပ်ချိန်မရ။

ကျောင်းက ပြန်ရောက်တာနဲ့ ထမင်းစားချိန်လေးမှာပဲ အေးအေးသက်သာ စကားပြောခွင့်ရသည်။ ထို့နောက်မှာတော့ ငိုက်မြည်းနေပြီဖြစ်တဲ့ အရှင်ရှောင်းကျန့်ကို အိပ်ရာဝင်ခိုင်းရတော့သည်။ မဟုတ်ရင်လည်း ဝမ်ရိပေါ် ရင်ခွင်ထဲ ခေါင်းတိုးကာ အိပ်စက်ခြင်းဆီ ရောက်ရှိသွားတတ်သည်။

*ကော...ထတော့လေ...ကျောင်းနောက်ကျနေမယ်...

ဝမ်ရိပေါ် နှိုးမှ မအီမသာ မျက်နှာလေးနဲ့ ရှောင်းကျန့်က အိပ်ရာထက် ငုတ်တုတ်လေး ထိုင်ကာ ငိုက်ပြန်သည်။

*သိပ်ပင်ပန်းနေရင်လည်း...တရက်လောက် နားလိုက်ပါလား ကောရယ်...ဟင်...

မနေနိုင်တဲ့အဆုံး ဝမ်ရိပေါ် ထုတ်ပြောရတော့သည်။ ငုတ်တုတ်ငိုက်နေတဲ့ ရှောင်းကျန့်ကို ဖက်ကာ ရင်ခွင်ထဲ မှီထားပေးလိုက်သည်။

ဒီရက်တွေထဲ ရှောင်းကျန့် ပင်ပန်းနေတာ သူလည်း သိသည်လေ။ သူ မလာတဲ့ ရက်တွေဆို စားပွဲမှာပဲ အိပ်ပျော်နေတတ်ခဲ့တဲ့ ရှောင်းကျန့်က သူလာမှ အိပ်ရာပေါ် တက်အိပ်တဲ့ သူမျိုး မဟုတ်လား။ ဒါကြောင့်ပဲ အချိန်ပေးပြီး ရောက်အောင် လာပေးဖြစ်နေခဲ့သည်။

*အင်း...ဒီတရက် သွားပြီး မနက်ဖြန် နားမယ်...

အိပ်ချင်မူးတူးနဲ့ ထကာ မျက်နှာသစ်ဖို့ ထွက်သွားတဲ့ အရှင်ရှောင်းကျန့် နောက်ကျောကို ကြည့်ရင်း ဝမ်ရိပေါ် သက်ပြင်းချမိသည်။

❣ ❣❣ ❣❣❣

*ကော...နောက်တပတ်ထဲမှာ ကျွန်တော့်ကို အိမ်ရှေ့စံ အဖြစ် တင်မြောက်ကြလိမ့်မယ်...ကော လာခဲ့ရမယ်နော်...ကောရဲ့ခမည်းတော် ကျွန်တော့် ယောက္ခမ အရှင်ရှောင်းယွမ် ကလည်း ကောကို လာခဲ့စေချင်တယ်...
ကော သိလား...ကောရဲ့ ခမည်းတော်ကလေ ကျွန်တော့်ကို သားတော်လေးတဲ့...ဟီး...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now