အပိုင်း ၂၁ (U&Z)

1.1K 92 0
                                    

(Unicode)

ခမည်းတော် စစ်ထွက်သွားသဖြင့် မယ်​ေတာ့်ကို စောင့်ရှောက်ရင်း ရှောင်းကျန့်က ​ေရှာင်းစံအိမ်မှာပဲ နေဖြစ်ခဲ့သည်။ ဝမ်ရိပေါ်ကတော့ အစည်းအဝေးတွေ လုပ်ဆောင်စရာတွေကြား အားချိန်ရတာနဲ့ ရှောင်းစံအိမ်ကို ရောက်လာတတ်ကာ တိုက်ပွဲအခြေအနေကို ပြောပြတတ်လေသည်။

ကောင်းကင် နန်းတော်မှာလည်း ဝမ်ဖေ့ဖေ့၏ မဂင်္ လာပွဲအတွက် အထူးအပြား ပြင်ဆင်နေကြပြီ။ တနယ်သားပေမယ့် တချိန်မှာ ရေနတ်ဘုရား ဖြစ်လာမယ့် သူမို့ ဝမ်ဖေ့ဖေ့က ခေါင်းငြိမ့်ခဲ့ရုံသာ။တဖက်မှာလည်း ရှင့်ထက် သာတဲ့သူကို ကျွန်မ လက်ဆက်နိုင်တယ် ဆိုတာမျိုးလည်း အရှင်ရှောင်းကျန့်ရှေ့မှာ ပြချင်ခဲ့သည်။ မဖြစ်နိုင်ပေမယ့် သူမ အရှင်ရှောင်းကျန့် အလာကို မျှော်တာတော့ အမှန်ပင်။

တကယ်ဆို သူမ မဂင်္ လာသတင်းကြားကတည်းက ရောက်လာပြီး အကျိုး အကြောင်းလေးတော့ မေးသင့်တယ် ထင်သည်လေ။ ခုတော့ ဘာမျှမဆိုင်သလို နေနိုင်လိုက်တာနော်။

ကောင်းကင်နတ်ဘုရား ဝမ်တုမိန် မှာလည်း သမီးတော် မဂင်္ လာပွဲထက် စစ်ရေးမှာသာ အချိန်ကုန်နေရသည်။ မိစ္ဆာနတ်ဘုရားရဲ့ ထိုးစစ်တို့ကို ခုခံရင်း ကောင်းကင်နတ်စစ်သည်တို့မှာ အကျအဆုံးများနေခဲ့သည်။ ထို့ကြောင့်လည်း ဝမ်ဖေ့ဖေ့ရဲ့ မဂင်္ လာပွဲသည် ပျော်ရွှင်မှုထက် စိုးရိမ်ပူပန်မှုတို့က ပိုများနေလေသည်။

❣ ❣❣ ❣❣❣

*ခမည်းတော်...အခုပုံအတိုင်းဆို မဖြစ်တော့ဘူး...သားတော် ချက်ချင်း စစ်ထွက်မှ ဖြစ်လိမ့်မယ်...ကောင်းကင်တပ်ကို အဆင်သင့် ပြင်ခိုင်းလိုက်တော့မယ်...

*မနက်ဖြန်ပဲ မင်းအစ်မတော်ရဲ့ မဂင်္ လာပွဲလေ သားတော်ရယ်...ခဏတော့ စောင့်လိုက်ပါဦး...မဂင်္ လာ ပွဲပြီးတာနဲ့ ခမည်းတော်တို့ အမြန်ဆုံး ချီတက်ကြမယ်...

*မဂင်္ လာပွဲက သဘက်ခါမှ ပြီးမှာနော်...မနက်ဖြန်က အစနေ့...

ဝမ်တုမိန်ရော ဝမ်ရိပေါ်ပါ ရှင်းစုကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ နိုင်ငံ ကို နယ်ချဲ့ခံနေရလို ဖြစ်တဲ့ စစ်ရေးထက် သမီးတော် မဂင်္ လာပွဲကို မရအရ စီစဥ်နေခဲ့ပြီး မလိုအပ်ပဲ တချို့ ကိစ္စတွေကို ဇာချဲ့နေသဖြင့်လည်း မဂင်္ လာပွဲသည် လိုအပ်သည်ထက် အချိန်ကြာနေလေသည်။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now