(Unicode)
ကောင်းကင် တံခါးဝမှာ စစ်သည်တွေ တပ်စုအလိုက် နေရာယူပြီးကြပြီ။ ရှေ့ဆုံးမှာ အလံတပ်ဖွဲ့ နေရာယူထားပြီး ငွေရောင် ချပ်ဝတ်တန်ဆာတွေနဲ့ တောက်ပနေသည်။ ၄င်းတို့ နောက်မှ အရှင်ရှောင်းယွမ်နှင့်အတူ စစ်နတ်သူကြီး ၄ ပါးက အခြံအရံ စစ်သည် အပါး ၂၀ နဲ့အတူ နေရာယူထားသည်။ ထို့နောက်တွင်မှ ကောင်းကင် အိမ်ရှေ့စံနှင့်အတူ ကိုယ်ရံတော်တပ်နဲ့ ပင်မကောင်းကင်တပ်က လိုက်ပါသွားမည် ဖြစ်သည်။
တသုတ်ပြီး တသုတ် ေကာင်းကင် နတ်ဘုရားကို ဦးညွှတ်ကာ ကောင်းကင် တံခါးမှ တဆင့် ထွက်ခွာသွားကြသည်။ အရှင်ရှောင်းယွမ်က ဇနီးနဲ့သားကို လက်ပြနှုတ်ဆက်ရင်း ကောင်းကင်တံခါးမှ ဖြတ်ကျော်ကာ ထွက်ခွာသွားသည်။
*ကဲ...သားတော်...ဒီစစ်ပွဲက သားတော်ရဲ့ ပထမဆုံး အတေွ့အကြုံအဖြစ် တိုက်ပွဲဝင်ရမှာမို့ သတိရှိစေချင်တယ်...ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ...သားတော်နဲ့အတူ စစ်ထွက်တဲ့ သူတွေက ဝါရင့် စစ်နတ်ဘုရားတွေချည်းပဲ...ဒါကြောင့် သားတော် စစ်ရေးပရိယာယ်တွေကိုလည်း လေ့လာနိုင်မယ်...အမြဲ သတိရှိပါ...
ကဲပါ...သွားတော့...အောင်ပွဲများနဲ့ ပြန်ခဲ့ပါ သားတော်...ခမည်းတော်နဲ့မယ်တော်ကို ဦးညွတ်နှုတ်ဆက်ရင်း ဝမ်ရိပေါ်က ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် အရှင်မပိုင်ယွင်နဲ့ ရှောင်းကျန့်ရှိရာဆီ လှည့်ထွက်လာခဲ့သည်။
*မယ်တော်...ကျွန်တော် သွားတော့မယ်...ခမည်းတော်အတွက် စိတ်ချပါ...
ကော...အရမ်းစိတ်မပူနဲ့နော်...ကျွန်တော် ပြန်လာမှာပါ...စိတ်ထဲ ဝမ်းနည်းပေမယ့် မျက်ရည်မကျအောင် ထိန်းထားကြသည်။ အရှင်မပိုင်ယွင်က ဝမ်ရိပေါ်ကို ဖွဖွဖက်ရင်း.....
*သားတော်လေး ပြန်အလာကို...မယ်တော်တို့ စောင့်နေမယ်နော်...
*ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါနော်...ကျန်းကျန်းမာမာနဲ့ ဘေးရန်ကင်းကင်း ပြန်ခဲ့ပါ... ရိပေါ်...
*စိတ်ချပါ ကော...
ရှောင်းကျန့် လက်လေးတွေကို ဆွဲယူ ဖျစ်ညစ်ပြီး အံကြိတ်ကာ ဝမ်ရိပေါ် လှည့်ထွက်ခဲ့သည်။ ဆက်ကြည့်နေရင် ရှောင်းကျန့်ကို ဖက်ပြီး သူ ငိုမိတော့မည်။
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...