(Unicode)
ရှင်းစု ရင်တခုလုံး ပူလောင်ေနမိသည်။ သားတော်ကို သူမ ဘယ်လို ရှင်းပြရမလဲ။ သူမကို သားတော် မုန်းသွားရင် ဘယ်လို လုပ်ရမလဲ။
ရှင်းစု အဆောင်ခန်းထဲမှာ ဆောက်တည်ရာမရ ဖြစ်နေခဲ့သည်။
*စိတ်အေးအေးထားပါ မိဖုရားရယ်...
*မဟုတ်ဘူး အရှင်...သားတော်က အရမ်းကို နာကျည်းထားတာ...အဲ့ဒါက အဲ့ဒါက...ကျွန်မကြောင့်ဆိုတာ သိသွားရင် သားတော်က ကျွန်မကို ခွင့်မလွတ်ပဲ နေမှာပေါ့...ဘယ်လို လုပ်ရမလဲ...
*သားတော်က နားလည်တတ်ပါတယ် မိဖုရား...ပြီးတော့ အခုလည်း သူ ချစ်တဲ့သူနဲ့ လက်ဆက်ရမှာပဲဟာ... မိဖုရားကို အပြစ်တင်မှာ မဟုတ်ပါဘူး...အရမ်း စိတ်မပူပါနဲ့...
နန်းဦးအဆောင်မှာ ကောင်းကင်ဘုံကျောင်းက စာလွှာကို သူတို့ သွားဖတ်ခဲ့ကြသည်။ ကြင်ယာတော် မှားယွင်းမှုကြောင့် ကောင်းကင်ဘုံကျောင်းက အပြစ်ပေးတော့မယ်ဆိုတဲ့ အကြောင်းကြားစာ။ ဒီစာလွှာ ရောက်လာပြီးနောက်မှာ ရှင်းလန်ဆီပို့လိုက်တဲ့ မဂင်္ လာ ပစ္စည်း အားလုံး ပျောက်ကွယ်သွားခဲ့သလို မဂင်္ လာအခန်းအနားလည်း ပြင်ဆင်လို့မရ ဖြစ်ခဲ့သည်။
*ပြီးတော့ ရှင်းလန်ကရော...
ဘယ်လို စိတ်ကူးနဲ့များ ဒီလို လှည့်စားမှုမျိုးကို လုပ်ရဲရတာလဲ...သူ အခုလို လုပ်လိုက်တော့ ကျွန်မတို့က ဘာဆက်လုပ်ရတော့မှာလဲ...အရာအားလုံး ပျက်စီးသွားပြီပေါ့...*အင်း...ရှင်းလန်ကတော့ တော်တော်ဆိုးတယ်.. ကောင်းကင်နိုင်ငံတော်ကိုလည်း ဝင်ခွင့်ရမှာ မဟုတ်တော့ဘူး...တကယ်လို့ လာခဲ့ရင်လည်း မိုးကြိုးပစ်ဒဏ်နဲ့ သေရလိမ့်မယ်...
ကောင်းကင်နတ်ဘုရား စကားကြောင့် ရှင်းစု ခေါင်းငိုက်စိုက်ကျသွားသည်။
*မိဖုရားလည်း အရှင်ရှောင်းကျန့်ကို ငြင်းဆန်ဖို့ မကြိုးစားနဲ့တော့...အခုတောင် အပြစ်က ကိုယ်မလုပ်ခဲ့လို့သာ...ကိုယ်တိုင်လုပ်မိရင် ကောင်းကျိုးတော့ ဖြစ်မှာမဟုတ်ဘူး မိဖုရား...ဒါကိုတော့ သေချာ နားလည်ထားပါ...
*ဒါဆို ကျွန်မတို့ မျိုးဆက် မကျန်တော့ဘူးပေါ့...
မိဖုရား စကားကြောင့် ဝမ်တုမိန် သက်ပြင်းချလိုက်သည်။
![](https://img.wattpad.com/cover/281679644-288-k755254.jpg)
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...