(Unicode)
ကောင်းကင်နန်းတော်ဆီ ဝမ်ရိပေါ် ပြန်ရောက်ခဲ့သည်။ သမားတော်အလာကို စောင့်ရင်း သူ နဲ့ ရှောင်းကျန့်ရဲ့ နေ့စဥ်အဖြစ်အပျက် အကြောင်းများကို ထိုင်စဥ်းစားနေမိသည်။
*သားတော်...ဒဏ်ရာက သက်သာရဲ့လား...
အခန်းထဲ ဝင်လာတဲ့ မယ်တော့်ကို ရိပေါ် က ထိုင်ရာမှ ထပြီး ဦးညွတ်လိုက်သည်။
*သက်သာပါတယ် မယ်တော်...တော်တော် အဆင်ပြေနေပါပြီ...
*တော်သေးတာပေါ့ကွယ်...မယ်တော် လာကြည့်တိုင်း သားတော်က အိပ်ချည်း နေတာဆိုတော့ စိုးရိမ်နေတာ...
လာ...ရှင်းလန် သမီးလည်း ထိုင်ဦး...ပြောစရာရှိတယ်...ရွှေရှင်းလန်က နီးရာ ခုံတလုံးမှာ ဝင်ထိုင်လေသည်။
*သားတော်...သားတော်ရဲ့ အစ်မတော်ကို ရေနတ်ဘုရားရဲ့သားတော်ကြီးက လက်ဆက်ဖို့ ကမ်းလှမ်းေနတယ်...
*ဟာ...ကောင်းတာပေါ့...ကျဲကျဲကရော ဘာပြောလဲ...
*အင်း...သူလည်း လက်ခံတယ် ပြောတယ်...အဲ့တော့ မကြာခင် ကောင်းကင်နန်းတော်မှာ မဂင်္ လာကိစ္စ ရှိလာတော့မယ်...
ပြီးတော့ သားတော်ကိုလည်း ရှင်းလန်နဲ့ သဘောတူထားကြောင်း ကြေငြာဖို့ တွေးထားတယ်...*ဗျာ...
ဝမ်ရိပေါ် မျှော်လင့်မထားခဲ့။ ရုတ်တရက်မို့ဘာပြောရမည် မသိအောင် ဆွံ့အ သွားမိသည်။
*အဲ့တော့ အခုကတည်းက သားတော်လည်း ရှင်းလန်နဲ့ ဘယ်အရာမဆို တိုင်တိုင်ပင်ပင် ရှိစေချင်တယ်...ဒါမှ လက်ထပ်တဲ့အခါ သဘောထား မတိုက်ဆိုင်တာတွေ နည်းသွားလိမ့်မယ်...တယောက်အကြိုက် တယောက် သိထားသင့်တယ်လေ...ဟုတ်ပြီလား...
ကဲ...မယ်တော်သွားမယ်...ရှင်းလန်နဲ့ စကားပြောကြဦးပေါ့...မိမိ ပြောစကားပင် မစောင့်ပဲ သူမ ပြောချင်ရာကိုသာ ပြောပြီး ထွက်ခွာသွားတဲ့ မယ်တော်ကိုကြည့်ကာ ဝမ်ရိပေါ် တယောက် စိတ်ရှုပ်သွားရသည်။
ဘာလဲကွာ...ငါ့ သဘောထားလေးတောင် မမေးဘူး...စိတ်ချ...ကျွန်တော်ကလည်း ရှင်းလန်ကို လုံးဝ မယူဘူး...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...