(Unicode)
ဝမ်ရိပေါ် စိတ်တိုနေပြီဆိုတော့လည်း ရှောင်းကျန့် မနေသာ။ ဒီကောင်လေးကို ထပ်ပြီး သူ စိတ်မတိုစေချင်တော့ဘူးလေ။ သူ့ကြောင့် နာကျင်ခဲ့ရတဲ့ ကောင်လေး ပျော်ရွှင်နေဖို့ပဲ အရေးကြီးတာ မဟုတ်လား။
*ကောင်းပါပြီ...ကျွန်တော် လိုက်ခဲ့ပါမယ်...
ရှေ့က ထွက်သွားပြီဖြစ်တဲ့ ဝမ်ရိပေါ်နောက်ကို ရှောင်းကျန့် အပြေးလိုက်ရတော့သည်။
*အိမ်ရှေ့စံ ဘယ်သွားမလို့လဲ...
အဆောင်ပေါက်ဝမှာ ဝမ်ရိပေါ်ဆီလာတဲ့ ရွှေရှင်းလန်နဲ့ မျက်နှာချင်းဆိုင် တွေ့သည်။
*ခမည်းတော်ဆီကို ရှင်းလန်...ဆွေးနွေး စရာလေးရှိလို့...
*အရှင်ရှောင်းကျန့်ကရော ဘာလုပ်ဖို့ လိုက်လာတာလဲ...
*ကိုယ်ခေါ်လာတာ...ရှင်းလန် စောင့်ချင်ရင် ကိုယ့်အဆောင်ထဲကစောင့်...မစောင့်နိုင်ရင် ပြန်နှင့်...ကိုယ်တို့ကတော့ ဘယ်အချိန်မှ ပြန်လာဖြစ်မယ် မသိဘူး...
*ဟုတ်ကဲ့...ဒါဆို ရှင်းလန် မစောင့်တော့ဘူးလေ...ပြန်လာမှ ရှင်းလန်ကို ဝင်ခေါ်တော့...အခုတော့ စာကြည့်ဆောင်အထိ လိုက်ပို့မယ်လေ...
ရွှေရှင်းလန်က ဝမ်ရိပေါ် လက်ကို ချိတ်ကာ မီနွဲ့လိုက်သည်။ ဝမ်ရိပေါ်က ရွှေရှင်းလန် နှာဖူးကို ခပ်ဖွဖွ ထုကာ စနောက်လိုက်သည်။
*အ...
ရှောင်းကျန့် ဘယ်ဖက်ရင်အုံဆီ လက်နဲ့ ဖိမိသည်။ စူးရှတဲ့ နာကျင်မှုကြောင့် ချက်ချင်းပင် ဇောချွေးများ ဆို့လာသည်။
*အရှင်ရှောင်းကျန့် မြန်မြန်လာလေ...
ခပ်လှမ်းလှမ်းမှာ ကုတ်ကုတ်လေး ကျန်နေခဲ့တဲ့ အရှင်ရှောင်းကျန့်ကို ရိပေါ်က စိတ်မချစွာ လှည့်ခေါ်လိုက်သည်။ စကြင်္ ံတိုင်ကို မီကာ ငြိမ်နေတဲ့ အရှင်ရှောင်းကျန့်က ခေါင်းသာ ငြိမ့်ပြသည်။
*ရှင်းလန်...လာ...ကိုယ် အဆောင်ကို အရင်လိုက်ပို့မယ်...
ရွှေရှင်းလန်နဲ့ ဆုံတိုင်း အလိုလို ဖယ်ရှောင်သွားတတ်တဲ့ အရှင်ရှောင်းကျန့် အကြောင်း သိထားသည်မို့ ရိပေါ်က ရှင်းလန်ကို အဆောင်ပြန်ပို့ဖို့ ပြင်လိုက်သည်။
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanfictionချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...