အပိုင်း ၃၈ (U&Z)

1.2K 103 2
                                    

(Unicode)

ခင်ပွန်းဆီက အကြံဉာဏ် မရသည့်အပြင် အပြစ်ချည်း တင်နေတော့ ရှင်းစု ထပ်မပြောချင်တော့။ သားတော် ကြောင်းတိုင်ပင်ဖို့ သမီးတော် ဝမ်ဖေ့ဖေ့သာ ရှိတော့သည်။ ထို့ကြောင့် သမီးတော်ရှိရာ ရေအောက် နန်းတော်ဆီ ထွက်လာခဲ့သည်။

*မယ်တော်...

ရုတ်တရက် ရောက်လာတဲ့ မိခင်ကြောင့် ဖေ့ဖေ့ အံ့အားသင့် သွားရသည်။

*လာပါ မယ်တော်... ထိုင်ပါဦး...မျက်နှာကရော ဘယ်လို ဖြစ်လာတာလဲ...ဘာတွေ စိတ်ညစ်စရာ ရှိလို့လဲ မယ်တော်...

သမီးတော် မေးမှ ရှင်းစု ဝမ်းနည်းပမ်းနည်း ငိုချ လိုက်သည်။ မယ်တော်ကို ဖက်ကာ နှစ်သိမ့်ရင်း ဖေ့ဖေ့ အကြောင်းအရာတွေကို စဥ်းစားမရ ဖြစ်နေသည်။

မယ်တော် ဘာဖြစ်လာတာပါလိမ့်...

စိတ်ရှိလက်ရှိ ငိုပြီးမှ ရှင်းစုက သမီးတော်ကို ကြည့်လိုက်သည်။

*ဖေ့ဖေ့...မယ်တော်တို့ အရှင်ရှောင်းကျန့်ကို ရှုံးတယ်...သမီး မောင်လေးကလေ...အရှင်ရှောင်းကျန့်ကိုပဲ လက်ထပ်ချင်တယ်တဲ့...ရှင်းလန်ကို လက်ထပ်ရမယ် ဆိုရင်တောင် အရှင်ရှောင်းကျန့်ဆီမှာပဲ သွားနေမယ်တဲ့...ဘယ်လို လုပ်ရမလဲ သမီးတော်ရယ်...

ဖေ့ဖေ့ ရုတ်တရက် ဆွံ့အ သွားသူလို ခံစားလိုက်ရသည်။

ဘာတွေ ဖြစ်ကုန်တာလဲ...မီးနတ်ဘုရားရဲ့ သားတော် မဂင်္ လာဆောင်က ပြန်တဲ့အထိ အဆင်ပြေနေတုန်းပဲလေ...

*ဘယ်လို ဖြစ်တာလဲ မယ်တော်...မယ်တော့် အစီအစဥ်တွေ ပျက်သွားလို့လား...ဘယ်လို ဖြစ်နိုင်မှာလဲ...

*အစီအစဥ်တွေ မပျက်ဘူး သမီးတော်ရဲ့...ဒါပေမဲ့...သမီးတော်ရဲ့ မောင်က အရှင်ရှောင်းကျန့်ကို တော်ရုံ စိတ်နဲ့ လက်ခံခဲ့တာ မဟုတ်ဘူး...သူ့ ဘဝရဲ့ တစိတ်တပိုင်းအဖြစ်ကို လုပ်ထားခဲ့တာ...မယ်တော် မစဥ်းစားခဲ့တာ...သူ့ကို အရှင်ရှောင်းကျန့် လက်မခံတော့ဘူးလို့ သိလိုက်တဲ့အချိန်မှာ အသက်ဆက်ရှင်ဖို့ စိတ်ကူး လုံးဝ မရှိတော့တာကို မယ်တော် လျော့တွက်ခဲ့မိတယ်...ဖေ့ဖေ့...မယ်တော်တို့ ဘယ်လို လုပ်ကြမလဲ...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now