အပိုင်း ၁၈ (U&Z)

1.1K 100 0
                                    

(Unicode)

အရံတပ်များ ပြန်ရောက်လာသည်အထိ ဝမ်ရိပေါ်တို့ စောင့်ဆိုင်းလိုက်ကြသည်။ တပ်တွေစုံသောအခါ ရှေ့သို့တက်၍ ထိုးစစ်ဆင်ရန် အစီအစဥ်ဆွဲကြတော့သည်။ လမ်းကြောင်း အထောက်တော်များလည်း ပြန်ရောက်လာပြီမို့ လမ်းကြောင်းရှာကာ တိုက်ဖို့ ပြင်ကြလေသည်။

*ဖမ်းထားတဲ့ အကောင်တွေဆီက သိရသလောက်တော့...ပုံစံတူ ဖန်တီးမယ်လို့ သိရတယ်...ဘာကို တုပမလဲဆိုတာတော့ အတိအကျ မပြောနိုင်ဘူး...ဖြစ်နိုင်တာက ဒီက စစ်သည်တွေရဲ့ အသွင်အပြင်မျိုးဖြစ်နိုင်တယ်...ကိုယ်မြင်ဖူးတဲ့သူရဲ့ပုံစံမျိုး ဖြစ်အောင် လုပ်လိမ့်မယ်​ေတာ့ ထင်တယ်...ဒါ​ပေမယ့် ဒါက ကိုယ်ဘာသာ ယူဆချက်ပဲ...အင်း...
အဲ့ဒါ ခဏထားပြီး အရင်ဆုံး တပ်ထွက်မယ့် ပုံစံကို ပြောရအောင်...

တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့ ဝမ်ရိပေါ်ကတော့ စစ်သူကြီးတွေ ဆွေးနွေးသမျှကို နားထောင်ရင်း မှတ်သားနေမိသည်။

*ကောင်းပြီ...ဒီလိုပဲ သတ်မှတ်ကြမယ်...နယ်စပ်ကြားကို ဝင်မယ့် သူတွေမှာ အမှတ်အသားလိုမယ်...ဒါမှ လှည့်စားခံရရင်တောင် ဘယ်သူက အစစ်... ဘယ်သူက အယောင်ဆောင် လဲ ဆိုတာ သိနိုင်မယ်...

*ကောင်းပါတယ် အရှင်...ဒါနဲ့...ဘယ်အရာက တုပဖို့ မဖြစ်နိုင်ဆုံးနဲ့...အချင်းချင်း အလွယ်တကူ သိနိုင်မယ့် အရာ ဖြစ်မလဲ...

*အင်းးးး...လက်ကိုင်ရိုး...

*လက်...ကိုင်...ရိုး...

ဝမ်ရိပေါ်က တလုံးချင်း ရေရွတ်ရင်း စဥ်းစားရ ခက်နေလေသည်။

*ဟုတ်ပါတယ် အိမ်ရှေ့စံ...ကောင်းကင်တပ်တွေက ဒါကို အသုံးနည်းပါတယ်...ရောင်စဥ်တိုက်နည်း လို့လည်း ခေါ်ပါတယ်...

*ဘယ်လို မျိုးမို့လဲ...

*စစ်သည်တော်ရဲ့ ဓား ဒါမှ မဟုတ်...လှံ လေး စတဲ့ နေရာတွေမှာ လက်နဲ့ ထိလိုက်တာနဲ့ ရောင်စဥ်ထွက်အောင် လုပ်လို့ရပါတယ်...ပြီးတော့ ဒါက အချင်းချင်းက လဲွဲပြီး ကျန်တဲ့သူတွေ မမြင်နိုင်ပါဘူး...ဘာကြောင့်လည်းဆိုတော့ နတ်မျက်စိကပဲ မြင်နိုင်တဲ့ စွမ်းအားမို့ပါ...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now