အပိုင်း ၅၁ (U&Z)

1.8K 117 10
                                    

(Unicode)

အရှင်ရှောင်းကျန့် တညတာ ပျောက်သွားပြီး နောက် ရိပေါ်က ညဘက်တွေမှာ အရှင်ရှောင်းကျန့် လက်ကို ဆုပ်ကိုင်ထားပြီး အိပ်စက်တတ်လာသည်။ အကြောင်းအရင်း မယ်မယ်ရရ မပြောပေမယ့် မိမိ ထပ်ပျောက်မှာကို ဝမ်ရိပေါ် စိုးရိမ်နေကြောင်း ရှောင်းကျန့် နားလည်လိုက်သည်။

အရှင်ရှောင်းကျန့် ကိုယ်ပေါ်က ဒဏ်ရာတွေ ပျောက်သွားသည်အထိ ရိပေါ်ရဲ့စိုးရိမ်စိတ်က ပျောက်မသွားခဲ့။ ထို့ကြောင့်ပဲ ရိပေါ် နန်းတော်သွားနေချိန်များမှာ အရှင်ရှောင်းကျန့် အနား ယွီပင်းနဲ့ စစ်ကျွေး အစောင့်ကျနေတတ်သည်။

*ကော...ဒီမှာ...

နန်းတော်က ပြန်လာပြီးနောက် မိမိအနားရပ်ကာ အချိန်အတော်ကြာ ​ငြိမ်နေပြီးမှ လက်ထဲက စာလွှာတခုကို ထုတ်ပေးလာသည့် ဝမ်ရိပေါ်ကို ရှောင်းကျန့်က အံဩသလို ကြည့်လိုက်သည်။

*ဘာများလဲ ရိပေါ်...

*ကျဲကျဲ သမီးလေးရဲ့ ကင်ပွန်းတပ်ပွဲ ဖိတ်စာ...ကော မသွားချင်လည်း ရတယ်နော်...စိတ်ထဲ မထားပါနဲ့...ကျွန်တော်တို့ကို ဖိတ်ထားတယ်ဆိုတာ သိရင် ပြီးတာပါပဲ...မဟုတ်ရင် ကော စိတ်ထဲ...တမျိုး ဖြစ်နေမှာ စိုးလို့ပါ...

*ရပါတယ် ရိပေါ်ရယ်...မှန်းစမ်း ဘယ်ရက်များလဲ...​ေဩာ် နောက်တပတ်ကိုး...သွားကြတာပေါ့ ရိပေါ်...ရိပေါ်လည်း တူမလေးကို တွေ့ချင်မှာပေါ့...ကော နားလည်ပါတယ်...

*တကယ် ဖြစ်ရဲ့လား ကော...

ရိပေါ်က အရှင်ရှောင်းကျန့်ရှေ့ ဆောင့်ကြောင့်လေးထိုင်ကာ မော့ကြည့်ရင်း မေးသည်။

*ဘာဖြစ်လို့လဲ ရိပေါ်ရဲ့...
အာ...ရှင်းလန် ကြောင့်လား...ကိစ္စမရှိပါဘူး...ကော နားလည်နိုင်ပါတယ်...ပြီးတော့ ရိပေါ်ရဲ့ ကျဲကျဲကိုလည်း အပြစ်မတင်ပါဘူး...ကောတို့မသွားရင်သာ သူ တမျိုး ထင်သွားမှာလေ...ပြီးတော့ ရိပေါ် တူမလေးကိုလည်း ကောင်းချီးပေးရမယ် မဟုတ်လား...

ရှောင်းကျန့်က ပူပန်နေတဲ့ ဝမ်ရိပေါ်ကို ပြုံးကြည့်ရင်း ပြောလိုက်သည်။

*အင်း...ကော အဆင်ပြေရင်တော့ သွားကြတာပေါ့...

❣ ❣❣ ❣❣❣

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now