အပိုင်း ၃၂ (U&Z)

1.2K 103 1
                                    

(Unicode)

*တောင်းပန်ပါတယ်...

မိမိကို ခါးမှ သိမ်းကာ ဖက်ထားတဲ့ ဝမ်ရိပေါ် ရင်ဖက်ကို တွန်းကာ ရင်ခွင်ထဲမှ ထွက်ရန် ရှောင်းကျန့် ကြိုးစားလိုက်သည်။

*နေဦး...ကျွန်တော် မေးတာ မဖြေရသေးဘူးလေ...

ရုန်းထွက်ဖို့ ပြင်နေတဲ့ အရှင်ရှောင်းကျန့်ကို ပြန်ဆွဲယူကာ ရိပေါ်က ရင်ဖက်ချင်းအပ်ထားလိုက်သည်။

*ပြောပါ...ကျွန်တော်နဲ့ အရှင်ရှောင်းကျန့်က ဘာတွေလဲ...ဘယ်လို ပတ်သတ်နေတာလဲ...

ရှောင်းကျန့် လက်များက ဝမ်ရိပေါ် လည်တိုင်ဆီ ဖြည်းညင်းစွာ သိုင်းဖက်ကာ မျက်နှာနှစ်ခုကို နီးသထက်နီးအောင် တိုးကပ်လိုက်သည်။

*ရိပေါ်ကရော...ကိုယ်တို့ နှစ်ယောက် အခြေအနေကို ဘယ်လို ထင်လို့လဲ...

*မယ်တော် ပြောသလိုဆိုရင်...ကျွန်တော်နဲ့ ရှင်းလန်ကြားမှာ ခင်ဗျားက ပြဿနာ တခုခုဖြစ်စေချင်​ေနပုံပဲ...ကျွန်တော့်ဆီကရော ဘာတွေ မျှော်လင့်နေတာလဲ...

ဝမ်ရိပေါ် မျက်ဝန်းတွေထဲ စိုက်ကြည့်နေတဲ့ ရှောင်းကျန့် မျက်ဝန်းတွေက ရီဝေနေရာမှ တဖြည်းဖြည်းချင်း အေးခဲသွားသည်။ ဝမ်ရိပေါ် ဦးခေါင်းကို ဖြည်းညင်းစွာ ပွတ်သပ်ရင်း ရှောင်းကျန့် နာကျင်စွာ ပြုံးလိုက်သည်။

*ယုံလား...မင်း အဲ့စကားတွေကို ယုံခဲ့သလား ရိပေါ်...

*သူက ကျွန်တော့်မယ်တော်လေ...

*ဒါဆို ဘာလို လာမေးနေသေးလဲ...မင်း သိပ်ယုံကြည်တဲ့ မင်းမယ်တော်စကားကိုပဲ အတည်မှတ်လိုက်ပေါ့...ကျွန်တော့်ဆီက ဘာတွေကို ထပ်ပြီး အတည်ပြုချင်နေသေးတာလဲ...

ဝမ်ရိပေါ်ကို ပုခုံးမှ ကိုင်ကာ တွန်းထုတ်ရင်း ရှောင်းကျန့် ရုန်းထွက်လိုက်သည်။ ရိပေါ် က အလွတ်မပေးပဲ လျင်မြန်စွာ ရှောင်းကျန့်ကို ပြန်ဆွဲဖမ်းထားလိုက်သည်။

*မင်း...

*ရှောင်ပြေးဖို့ မကြိုးစားနဲ့ အရှင်ရှောင်းကျန့်...အခုအထိ ကျွန်တော် မေးတာ ခင်ဗျား မဖြေသေးဘူး...
ဖြေပါ...ကျွန်တော်နဲ့ ခင်ဗျားက ဘာလဲ...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now