အပိုင်း ၂၈ (U&Z)

1.1K 97 1
                                    

(Unicode)

*ရှောင်းကျန့်...မင်း ဘာတွေ လုပ်လာတာလဲ...မင်း ခန္ဓာကိုယ်က ကောင်းကောင်း ကျန်းမာတာလဲ မဟုတ်သေးဘူး...

အိပ်ရာပေါ် ပက်လက် ဖြစ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ကျားမိန်က ပူပန်စိတ်နဲ့ ဆိုသည်။

တိုက်ပွဲက အပြန် ဒဏ်ရာ ဗလပွနဲ့ သခင်အတွက် ကူကယ်ရာမဲ့နေတဲ့ ယွီပင်းက အရှင်ရှောင်းကျန့်ကို ဝမ်ကျားမိန် ဆီ ခေါ်ဆောင်သွားခဲ့သည်။

အရာရာမှာ နှံ့စပ်လွန်းတဲ့ ဝမ်ကျားမိန်ကလည်း မိမိတတ်ကျွမ်းတဲ့ ဆေးပညာနဲ့ အရှင်ရှောင်းကျန့်ကို ကုသပေးသည်။ သို့သော် တိုက်ပွဲအတွင်း ပေပေတေတေ နေခဲ့တဲ့ အရှင်ရှောင်းကျန့်ကို နလန်ထူဖို့ မနည်း ကြိုးစားခဲ့ရလေသည်။

ဝမ်ရိပေါ်ဆီ အကြောင်းကြားချင်ပေမယ့် ရှောင်းကျန့်နဲ့ ပတ်သတ်ရင် ပူပန်စိတ်ကြီးမှန်း သိတာကြောင့် ရှောင်းကျန့်က လက်မခံခဲ့။ ရှောင်းကျန့် နလန်ထလို့ သက်သာချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် ကောင်းကင်နန်းတော်က အခေါ်လွှတ်သဖြင့် ဝမ်ကျားမိန် ရောက်သွား သော်လည်း ဝမ်ရိပေါ်နဲ့ စကားပြောခွင့်မသာခဲ့​​ပြန်ပေ။

သို့သော်လည်း စိတ်ပူစရာက ရှောင်းကျန့် နာမည်ကို ဖော်ထုတ်ကာ မဂင်္ လာသတင်းကို ဝမ်ရိပေါ်က ငြင်းခဲ့ခြင်းပင်။ ထို့ကြောင့်လည်း အရှင်ရှောင်းကျန့်ခမျာ ဒဏ်ရာအကင်း မသေသေးပေမယ့် ဝမ်ရိပေါ် အပြစ်မကျရေးအတွက် ကောင်းကင်နတ်ဘုရားထံ ညတွင်ချင်း တွေ့ဖို့ ကြိုးစားခဲ့ရသည်။

❣ ❣❣ ❣❣❣

*သားတော်က မှားနေရင်တောင်...အရှင်ရှောင်းကျန့်က တည့်မတ်ပေးရမှာ မဟုတ်လား...အခုက အရှင်ရှောင်းကျန့်ကပါ အလိုတူ အလိုပါ ဆိုတော့...

စိတ်ရှုပ်ထွေးကာ သဘောမကျသလို ပြောနေတဲ့ ကောင်းကင်နတ်ဘုရားရှေ့ ရှောင်းကျန့် ဒူးထောက်လိုက်သည်။

*ကျွန်တော့် အပြစ်ပါ အရှင်...ရိပေါ်က ငယ်ပါသေးတယ်...သူက စိတ်ကစားတဲ့အရွယ်...စိတ်မငြိမ်သက်သေးတဲ့ အရွယ်မို့ အပြစ်မတင်ပါနဲ့...
တကယ်ဆို ကျွန်တော့်အမှားပါ...ကျွန်တော်သာ လက်မခံခဲ့ရင်...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now