အပိုင်း ၃၄ (U&Z)

1.3K 102 0
                                    

(Unicode)

*ဝမ်ဖေ့ဖေ့...

ရှောင်းကျန့် နှုတ်မှ အသံထွက်အောင်ပင် ေရရွတ်မိသည်။

*ဟုတ်ပါတယ်ရှင်...အရှင်ရှောင်းကျန့်က မှတ်မိသားပဲ...ဘယ်လိုလဲ ရှင့်ကို အမြဲကာကွယ်ပေးတတ်တဲ့ ကျွန်မမောင်ဆီက အငြင်းခံရတဲ့ ခံစားချက်လေး...အခု ကျွန်မကို ရှင် နည်းနည်းလောက်တော့ ကိုယ်ချင်းစာတတ်ပြီ ထင်ပါတယ်...

ဝမ်ဖေ့ဖေ့ စကား​ကြောင့် ရှောင်းကျန့်က သဘောကျစွာ ပြုံးရင်း အိပ်နေရာမှ ထထိုင်လိုက်သည်။

*မင်းသမီးက...မဂင်္ လာကိစ္စ ကမ်းလှမ်းချက်နဲ့ ပတ်သတ်ပြီး စိတ်ထဲမှာ အခုထိ မှတ်ထားတာပဲ...ကျွန်တော် တကယ်ကို စိတ်မကောင်းပါဘူး...မင်းသမီးကို ငြင်းခဲ့တာ အတွက်လည်း ကျွန်တော် အနူးအညွတ် ထပ်ပြီး တောင်းပန်ပါတယ်...

ဝမ်ဖေ့ဖေ့က မခို့တရို့နဲ့ သရော်သလို ပြုံးသည်။

ဒါပေါ့... တကယ်ဆို လူပေါင်းများစွာ ရှေ့မှာတောင် တောင်းပန်သင့်တာ အရှင်ရှောင်းကျန့်ရဲ့...ဟင်း...

*ကောင်းပြီလေ...ဒီတောင်းပန်မှုကို ကျွန်မ လက်ခံပါတယ် အရှင်ရှောင်းကျန့်...ရှင့်ရဲ့ လက်ရှိ အခြေအနေကလည်း ကျွန်မ ခင်ပွန်းနဲ့ ယှဥ်နိုင်စရာ မရှိဘူးလေ...ကျွန်မက လူကောင်းတယောက်နဲ့ လက်ဆက်ခွင့်ရခဲ့တာပါ...

*ကျွန်တော် စိတ်ရင်းနဲ့ ဝမ်းသာပါတယ် မင်းသမီး...ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး...

ရှောင်းကျန့် နှုတ်ဆက်ကာ လှည့်ထွက်ခဲ့သည်။ သို့သော် ခြေလှမ်း ငါးလှမ်းမျှ လျှောက်ပြီးသည်အထိ မိမိ နောက်ကျောကို ကြည့်နေဆဲ ဝမ်ဖေ့ဖေ့ကို ခံစားမိလိုက်သည်။

*​ေဩာ် မင်းသမီး...မင်းသမီးရော မင်းသမီးရဲ့ ခင်ပွန်းနဲ့ စကား ကတောက်ကဆဖြစ်ပြီး ရန်ဖြစ်ဘူးလား...ဖြစ်ဘူးတယ် ဆိုရင် အခု အိမ်ရှေ့စံနဲ့ ကျွန်တော့် အဖြစ်ကလည်း အဲ့သဘောပါပဲ...ဒါပေမယ့် ကျွန်တော်ကတော့ သူ မမှတ်မိလို့ ပြောတာတွေကို စိတ်ဆိုးမှာ မဟုတ်ဘူး...သူ စိတ်ဆိုးတာ ပြေတဲ့ အထိပဲ စောင့်နေမှာပါ...သွားခွင့် ပြုပါဦး...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now